Introduction to VMware Virtual SAN (VSAN)
VMWare virtual SAN အကြောင်းမပြောခင်ဘာကြောင့်vsanကိုသံုးသင့်တယ်ဆိုတာလက်ရှိVMware infrastructures တွေတဲကသံုးထားတဲ့storage architecture တွေအကြောင်းနည်းနည်းလောက်ပြောပြချင်ပါတယ်
တစ်ချို.vmware farm တွေမှာဆိုရင်storageအတွက်Synology device,Dell emc storage , Hp 3PAR server တွေ နဲ့ share storage သံုးကြတာတွေ့ရတယ် ဥပမာ ESXi Host Serversတွေအတွက်ဆိုရင် dell server R730 ,R740 အစရှိသည်ဖြင့်VMware hypervisor တင်run ဖို့အတွက်အသံုးပြုကြတယ် ESXi host တွေပေါမှာတင်runမဲ့virtual machines တွေရဲ့storage ကိုတော့ Synology Storage Device, Dell storage device တွေ ကို share storage အနေနဲ့ထားလာကြတယ် ဒီမှာဘာကြောင့်share storage လို့ပါပြောသလဲဆိုရင် ESXi hosts တွေကို cluster ဖွဲ့ပြီး virtual machinesတွေကို Vmotion တွေ FT တွေ HA တွေ လုပ်နိုင်အောင်လို့ပေါ့
တစ်ချို့ budget strong ဖြစ်တဲ့ company တွေကတော့ Storage ပိုင်းကို fabric architecture တွေဖြစ်တဲ့ san တို့ဘာတို့သံုးလာကြတယ် ESXi Hosts တွေကို dell server series တွေထဲကမဟုတ်ရင်လဲ HP brand တွေထဲက HP proliant DL Gen series servesr တို့ပေါ့ သူတို့အတွက်storage အပိုင်းကိုတော့ Dell EMC storage server လား DELL Storage တွေဖြစ်တဲ့ Dell MD series လား DELL SCv series တွေထဲကလားHP ထဲကဆို HP 3PAR လားအစရှိသညိဖြင့်သံုးလာကြတယ် storage ကလည်း fiber channel တွေ fabric architecture တွေဖြစ်လာကြတော့Zoning တွေလုပ်ဖို့ SAN Switch တွေလိုလာမယ် တစ်ချို့ကလည်း Cisco brand တွေထဲကသံုးကြတယ် တစ်ချို့ကလည်း brocade brand တွေထဲကသံုးလာကြတယ် ကျွန်တော်ကတော့ brocade တွေသံုးတာ များများတော့တွေ့ဖူးတယ်
အဲလို storage controller တွေနဲ့zoning တွေ ခွဲပြီး Hosts တွေနဲ့ 7GB ,10GB Network Links တွေကိုmapping လုပ်ဖို့ ESXi host server တွေမှာHBA (Host bus adapter)Card တွေလိုလာပြီး
အဲလိုတွေလုပ်လို့ Storage performance ကတော့ တော်တော်လေးကောင်းပါတယ် (hardware maintenance တော့လုပ်ပေးရတာပေါ့)
Vsanအပိုင်းလေးတော့ရောက်တော့မယ်ဉပမာအနေနဲ့storage devices တွေ ကို scale up scale out လုပ်တော့မယ်ဆိုတော့ လက်ရှိသံုးထားတဲ့storage server က dell MD series ထဲက နေက်ထပ်အသစ်ဝယ်ထားတဲ့server က SCv Series ဆိုတော့ နဂိုရှိပြီးသား Dell MD series က share ထား တဲ့ data storage ကို အသစ်ထည့်လိုက်တဲ့ DELL SCv series နဲ့storage ပေါင်းချင်တာdevices controller က compatible မဖြစ်လို့အဆင်မပြေတာမျိုးတွေကြံုဖူးတယ် ထားပါတော့ ဒီလိုမျိုး fiber san storage architecture တွေမှာဆိုရင် hardware maintenance လုပ် ရမှာတွေကအများကြီးပဲ e,g storage server hardware, hard disk, San switch တွေ zoning status အစရှိသည်ဖြင့် အများကြီး maintenance လုပ်ရတယ်
အဲလိုပြသနာတွေကိုပြေလည်အောင် VMware ကနေ Hyper Converge Infrastructure တစ်ခုဖြစ်တဲ့ Vsanကိုမိတ်ဆက်ပေးလာကြတယ် vsan ကတော့ Vcenterထဲမှာပါ လာတဲ့ feature တစ်ခုဆိုလည်းဟုတ်တယ်
Vsan သံုးတော့မယ်ဆိုရင် ESXi Hosts တွေ မှာပဲ သူနဲ့hardware compatibleြဖစ်တဲ့ Hard disk တွေ SSD တွေထပ်စိုက် ပြီး ESXi hosts တွေကြားမှာ Vsan cluster ဖွဲ့ပြီးတော့share Storage အနေနဲ့ သံုးနိုင်တယ်
အဲလိုဆိုအပေါမှာသံုးထားတဲ့ fabrics architecture တို့လို san network ကြီးတွေမလိုတော့ဘူးပေါ့ storage server တွေhardware maintenance အတွက်လည်းအများကြီးသက်သာတာပေါ့
Vsan သံုးတော့မယ်ဆိုရငိတော့သူမှာလည်း minimum requirement တွေတော့လိုအပ်တယ် Vsan အတွက် esxi hosts တွေကြားကnetwork links တွေက 10 G linkတွေ ကိုယ့် VMware farm ထဲမှာ အနည်းဆံုး ESXi hosts က ၃ လံုးရှိရမယ် hosts ၂ လံုးသံုးချင်ရင်လည်းရတော့ရတာပေါ့အဲhost ၃ လံုးကို cluster တစ်ခု ဆောက် ပေးရမယ် ပြီရင် cluster ထဲမှာ Vsan ကို enable လုပ် disk group တွေcreate လုပိပြီးသံုးလို့ရပြီးပေါ့
Vsanရဲ့ architecture က cache tier နဲ့ capacity tier ဆိုပြီး claim type နှစ်မျိုးရှိတယ်
Cache tier က data တွေကို storage ထဲမသိမ်းခင် read လုပ်ဖို့ နဲ့ buffer တွေကို write ဖို့အတွက်သံုးပြီး capacity tier က persistent datastore အတွက်သံုးတယ် အဲတာကြောင့်လည်းperformance ကောင်းတာပေါ့ Vsan ရဲ့ service တစ်ခုဖြစ်တဲ့ deduplication and compression ကတော့ ကိုယ့်ရဲ့ data storage က data တွေကို compress လုပ်ပြီး storage Space ကို save ဖြစ်အောင်လုပ်ပေးတယ်
အပေါမှာပြောထားသလို Vsan မသံုးခင် disk group ဖွဲ့ပေးရတယ်ဆိုတာနဲနဲရှင်းပြခင်တယ်Vsan အတွက် disk group create လုပ်တော့မယ်ဆိုရင် disk group တစ်ခုမှာ cache flash type အနေနဲ့ flash device တစ်ခုအများဆံုးပါရမယ်capacity device တွေအနေနဲ့hard drive ဒါမှမဟုတ် SSD flash drive တွေရောသံုးနိုင်တယ်ဒါကတော့ကိုယ်သံုးချင်တဲ့ topologyအပေါမူတည်တယ် ကိုယ့်topologyက All flash configuration လား hybrid configuration လားပေါ့ Capacity device တွေအနေနဲ့အများဆံုး disk group တစ်ခုမှာ 7 လံုးအထိသံုးနိုင်တယ်disk group တွေဖွဲ့ပြီးရင် Storage policy တွေ assignပြန်ချပေး ပြီးရင်တော့ Vsan Datastore ကိုcreate လုပ်ပြီးသံုးလို့ရပြီးပေါ့ Vsan datastore createလုပ်ပြီးရင်ပထမဆံုးလုပ်ပေးရမှာကVsan cluster ထဲမှာ Vsan ကို health checkups လုပ်ပေးရတယ် Vsan health checkups က Vsan cluster ထဲမှာရှိတဲ့Vsan အစိတ်အပိုင်းတွေကကောင်းကောင်းအလုပ်လုပ်နေတာလားhardware တွေမှာerror ရှိနေလား cluster ထဲက ESXi hosts တွေနဲ့ network connectivity တွေကရောအဆင်ပြေလားဆိုပြီး ဆိုပြီး checkလုပ်ပေးတယ် ထွက်လာတဲ့result တွေကိုလည်း administrator ကအလွယ်တစ်ကူresolve လုပ်နိုင်တယ်
အဲလိုတွေအတွက်ကြောင့်လဲ issue တစ်ခုချင်းတွေလိုက်ဖြေရှင်းတာထက် health checkup run ရံုနဲ့ အားလံုးကိုပြေလည်စေတယ်
Vsan health check ပြီးရင် Vsan storage cpacity တွေ Vsan performance monitoring တွေကိုလည်းစစ်ဆေးနိုင်တယ်
အောက်မှာstep by step လုပ်ပံုလုပ်နည်းပြပေးထားတယ်
အောက်တွင်၀င်ရောက်ဆွေးနွေးနိုင်သည်
Author By
Phone Myint Myat Zaw
6:00pm
22/04/2020
No comments:
Post a Comment