Advantages of Cloud Computing
Cloud Computing ကိုသုံးစွဲခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုပြောပါဆိုရင်Companies တွေအနေနဲ့အခုေနာက်ပိုင်းမှာသူတို့ရဲ့applicationတွေ software တွေ data တွေ server တွေကို cloud ပေါမှာ run နိုင်ဖို့ data တွေသိမ်းဆည်းနိုင်ဖို့ေရွးချယ်လာကြတယ် လက်ရှိသူတို့မှာရှိတဲ့ infrastructure တွေကို ကုန်ကျစရိတ်သက်သာ စေဖို့ hardware budget, system administrator တွေကိုဌားရမ်းဖို့ အစရှိတဲ့ကုန်ကျစရိတ် တွေလျော့ချနိုင်ဖို့အတွက် နောက်ပိုင်းမှာ cloud services တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပြီးပဲဖြစ်တယ်
ပထမဆုံး cloud service ရဲ့ benefits တေွကိုပြောပါဆိုရင်cost effective ဖြစ်တဲ့အကြာင်းကေနစ ပြောမှာဘဲဖြစ်တယ် Cloud computing က အဓိကအားဖြင့်Pay-As-You-Go နဲ့ consumption based Model ကိုအခြေခံထားတဲ့ Pricing Model တစ်ခုဘဲဖြစ်တယ် ဒီနေရာမှာ Consumption Based Model အကြောင်းနည်းနည်းဆွေးနွေးချင်ပါတယ်
1)No Upfront Infrastructure Cost - ဘာလဲဆိုတာ့ကိုယ့် business တစ်ခုစrunတော့မယ်ဆိုရင် cloud computing ကိုသုံးစွဲခြင်းကြောင့် Infrastructure တွေ Data Center တွေဆောက်ဖို့ server hardware တွေအတွက်လိုအပ်မဲ့ပိုက်ဆံတွကို အရင်ဆုံးရင်းနီး ဆောက်လုပ်ထားစရာမလိုဘူးလို့ ပြောခြင်းဘဲဖြစ်တယ်
2) The ability to pay for additional resources only when they are needed
ကိုယ့် Cloud Infrastructure အတွက်လိုအပ်တဲ့ resources တွေ ဥပမာ ကိုယ့် organization မှာserver တွေအတွက် storageက12TB လိုအပ်တယ်ဆိုရင် ကိုယ်လိုချင်တဲ့အချိန်cloud service provider တွေဆီကချက်ချင်းစောင့်ဆိုင်းစရာမလိုဘဲဝယ်ယူသုံးစွဲနိင်တာပဲဖြစ်တယ် Traditional infrastructure တွေမှာဆိုရင် အဲလို storage. တိုးဖို့အတွက်လိုအပ်တဲ့ storage တွေကိုအပြင် vender တွေဆီကမှာကတာမျိူး မှာရင်လည်း business day 3 to 4 weeks စောင့်ရတာမျိုးမရှိတဲ့အတွက် လိုချင်တဲ့ requirement ကိုလိုတဲ့အချိန်ရနိင်တာမျိုးတွေကလည်း cloud ရဲ့ benefits တွေဘဲဖြစ်တယ်
3)Cloud is scalable
4)Cloud is elastic
- The ability to stop paying resources that are no longer needed
ဥပမာကိုယ့်Company မှာApplication တစ်ခုrunထားတယ်ဆိုပါတော့ အဲဒီApplication အတွက် ပေးရမယ့်Memory ပမာဏက ကိုယ့် physical server မှာမ လောက်တဲ့ physical server တွေမှာMemory တိုးတော့မယ်ဆိုပါတော့။အဲလိုလုပ်တော့မယ်ဆိုရင်ပထမဆုံး server shutdown ချပြီးလာပ်ဆောင်ရမှာသာဖြစ်တယ် server shutdownချတယ်ဆိုတာ ပြောသာလွယ်တာ မိမိCompany ရဲ့Business ကိုအနည်းနဲ့အများ တော့ နှောင့် နှေးထိခိုက်နိုင်မှာဘဲဖြစ်တယ် လိုအပ်တဲ့ resource ကိုလည်းမှာယူချိန်ကလည်းစောင့်ဆိုင်းရမှာဖြစ်တယ် အဲဒီအတွက်down time အနည်းဆံုးနဲ့ customer access မလုပ်တဲ့အချိန် တွေ ကိုရွေးချယ်ဖို့လိုလာပြီးဖြစ်တယ်အဲလိုအချိန် တွေစောင့်ဆိုင်း နေရင်းနဲ့ လပေါင်းများစွာကြာသွားတတ်တယ် Cloud service ရဲ့အားသာချက်က ဒီနေရာမှာDowntime ကိုအနည်းဆုံးအထိသက်သာစေမှာဘဲဖြစ်တယ် ကိုလိုချင်တဲ့ resource ပမာဏကို မိနစ်ပိုင်းအတွင်းမှာ downtime အနည်းဆုံးနဲ့ မိမိရဲ့ Businessကိုပြန်လည်လည်ပတ် စေမှာဖြစ်တယ်
အပေါမှာပေးထားတဲ့ဥပမာအရ ကိုယ့် physical infra ထဲက server မှာupgrade လုပ်ထားတဲ့ memory ကိုနောက်တစ်ချိန်မှာ မလိုအပ်တော့ဘူးဆိုရင် ကျွန် တော်တို့အတွက် အပိုဖြစ်နေတတ်တယ် မလိုတာ့ရင်ပြန်လည်းရောင်းမရတော့ဘူး၊😭 cloud မှာက အဲလိုအ ခြေအနေမျိုးမှာ ကိုယ့် virtual server အတွက်မလိုအပ်တာ့တဲ့resourceတွေကို pay as you go model အတိုင်းမသုံးတော့တဲ့resource တွေကို unsubscribe လုပ်ပြီးကိုယ်သုံးတဲ့ ကိုယ်လိုအပ်မဲ့ resources တွေကိုသာ၀ယ်ယူသုံးစွဲနိုင်မှာဘဲဖြစ်တယ်
အဲဒီမှာCloud Resources တွေကို အတိုး အလျော့လုပ်တာနဲ့ပက်သက်ပြီး scaling လုပ်တဲ့အပိုင်းလည်းနည်းနည်းပါးပါး ဆွေးနွေးချင်ပါတယ် Cloud ပေါမှာက ကိုယ့် workload တွေအပေါမူတည်ပြီးresources တွေ services တွေကိုscaling လုပ်နိုင်ပါတယ်
Scaling ကိုနှစ်မျိုးခွဲသတ်မှတ်နိင်တယ်
1) vertical scaling
2) horizontal scaling
အဲတာဆိုvertical scaling ကဘာလဲဆိုတော့
သူကိုတစ်နည်းအားဖြင့် scale up လုပ်တာလို့လဲခေါကြတယ် ဥပမာ ပေးရမယ်ဆိုရင် ကိုယ့်ရဲ့ cloud ပေါမှာရှိတဲ့ virtual machines တွေကို လိုအပ်လာရင် နောက်ထပ် resources တွေဖြစ်တဲ့ CPU တွေ Memory တွေ Storage တွေကို ထပ်တိုးပေါင်းထည့်တာကိုဆိုလိုခြင်းဘဲဖြစ်တယ် အဲလိုလုပ်ဆောင်ခြင်း တွေကို scale up (vertical scaling ) လုပ်တာလို့ ခေါတယ်
Horizontal scaling က ကိုယ် application တင်run ထားတဲ့ servers တွေ ဒီ နေရာမှာservers တွေကိုပြောတာက ဥပမာ production environment မှာ ဘယ်သူကမှမိမိapplication ကို server တစ်လုံးထဲ မှာတင်runကြမှာမဟုတ်ပါဘူး အဲဒီapplication အတွက် Hight availability ဖြစ် အောင် load balancing ဖြစ် အောင် cluster ကြီးတွေ ဆောက် HA တွေဖွဲ့ပြီး ကိုယ်သုံးချင်တဲ့ app တွေကိုတင်runလာကြတာပဲဖြစ်တယ် အဲလို cluster တွေ load balancer တွေတစ်ချိန်ချိန်မှာ load မမျှ တော့တဲ့အခြအ နေမျိူးတွမှာ သူတို့ cluster group တွေထဲကို server အသစ်တေဠထပ်တိုးရတာမျိူး အဲလို လုပ်ဆောင်ချက်ကို တစ်နည်းအားဖြင့် horizontal scaling လုပ်တာလို့ ခေါကြတယ် (ဒီနေရာမှာတခြားဘက်ကလည်းစဥ်းစားနိုင်ပါတယ်ကျွန်တော်က horizontal scaling ကိုမြင်သာအောင်တင်ပြခြင်းဘဲဖြစ်တယ်
5)Cloud is reliable
Cloud customers တွေအနေနဲသူတို့Data တွေကို
Cloud ပေါက်ကြားမှုမရှိဘဲ ပျက်စီးခြင်းမရှိဘဲ လုံလုံခြုံခြုံရှိချင်ကြမှာဘဲဖြစ်တယ် Cloud service provider တွေဘက်ကလည်းသူတို့ customer တွေအတွက် data တွေကို safe ဖြစ်အောင် Data back တွေ recovery plan တွေ replication တွေလုပ် ဆောင် ပေးပြီး customes တွေရဲ့ data တွေကို safe ဖြစ်အောင်ထိန်းသိမ်း ပေးလာ ကြတယ်
အပေါမှာကျွန် တော်ဆွေး နွေးခဲ့တဲ့အ ကြောင်းအရာတွေက cloud computing ကို သုံးခြင်းအတွက်ရရှိလာမယ့် အကျိုးကျေးဇူးတွေဘဲဖြစ်တယ် တစ်ခြားအများကြီးလည်းရှိပါသေးတယ်
အောက်တွင်၀င် ရောက် ဆွေး နွေးနိုင်ပါတယ်
လေးစားစွာဖြင့်
Author By
phone Myint Myat Zaw
24.05.2020
7:50zPM
No comments:
Post a Comment