Thursday, 7 May 2020

What is Cloud Computing?

What is Cloud Computing?


Cloud computing ဆိုတာဘာလဲ
Clouding computing ဆိုတာမိမိ organizationဒါမှမဟုတ်ရင်တစ်ခြားနိုင်ငံ (geographical location) မတူတဲ့ နေရာက resource တွေ (server,compute, network,storage,services,applications)တွေကိုinternet ပေါ်ကနေလှမ်းပြီးဝယ်ယူသုံးစွဲ accessလုပ်နိုင်တဲ့service မျုုိးကိုပြောတာဖြစ်တယ်၊အဲလို cloud service ပေးတဲ့သူတွေကိုတော့ Cloud Service Provider (CSP) လို့ခေါ်ကြတယ်။ အဲလို Cloud Service Provider တွထဲကမှကျွန်တော်တို့နိုင်ငံမှာသုံးများတဲ့့ CSPတွေပြောပါဆိုရင် Microsoft Azure Cloud, AWS Amazon Cloud, Google Cloud, Oracle Cloud, Digital Oceam တို့ဆိုရင်လက်ရှိအရမ်းရေပန်းစားပါတယ်၊
အဲလောက်ဆို cloud နဲ့ပက်သက်ပြီးနည်းနည်းရိပ်မိသွားမယ်ထင်ပါတယ် ဆက်ပြောမယ်ဆိုရင် Cloud Concept မှာအဓိကအားဖြင့်တော့ Service Model နဲ့ Deployment Model ဆိုပြီးနှစ်မျိုးရှိတယ်၊
ကိုယ့် organization ဒါမှမဟုတ် company မှာcloud serviceဝယ်သုံးတော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာကတော့ဘယ်cloud service model ကိုသုံးမလဲဆုံးဖြတ်ရမှာဖြစ်တယ်၊ အဲလိုဆိုရင် cloud service Model အကြောင်းနည်းနည်းရှင်းပြချင်ပါတယ်၊ Service Model မှာအဓိကအားဖြင့် private Cloud, Public Cloud နဲ့ Hybrid Cloud ဆိုပြီးသုံးမျိုးရှိတယ်။ ကိုယ့်business ရဲ့ requirementပေါ်မူတည်ပြီးရွေးချယ်အသုံးပြုနိုင်တယ် 
Private Cloud ဆိုတာကတော့ ကိုယ့်company infra (data center) ထဲမှာဘဲserverတွေထိုင်ပြီးအဲဒီပေါ်မှာapplicationတွေ service တွေတင်runပြီး localကနေဘဲလှမ်းသုံးနိုင်တာဖြစ်တယ်။Branch Officeတွေနေနဲ့ဆိုရင်Head Quarter ကိုVPN Tunnel ထိုးပြီးအဲဒီapplicationတွေserviceတွေကိုလှမ်းသုံးနိုင်ကြတယ် အဲလိုprivate Model သုံးတော့မယ်ဆိုရင်ရုံးမှာရှိတယ့် IT network/systemသမားတွေက Data Centerထဲမှာရှိတဲ့ Server Hardware Problem တွေ Network Issueတွေ Data Center ထဲက UPS ကြီးတွေ AirConတွေ power line ပြသနာတွေအစရှိသည်ဖြင့်တာဝန်ယူဖြေရှင်းကြရမှာဘဲဖြစ်တယ် အကျဉ်းချုပ်ပြောမယ်ဆိုရင်ဟို့အောက် Infrastructure levelကနေပြီးတော့ service levelအထိ ပြသနာပေါင်းသောင်းခြောက်ထောင်ကိုဖြေရှင်းပေးရမှာဖြစ်တယ် ဒီservice modelကိုသုံးရင်တော့ဒါတွေကတော့လုပ်ပေးရတာပေါ့ဒါကလည်းကိုယ့်company businessလိုအပ်ချက်ပေါ်မှာမူတည်တာပေ့ါ။ 
Private Cloudအကြောင်းကဒီလောက်ပဲဆွေးနွေးချင်ပါတယ် ကျွန်တော်တို့public Cloud ဘက်သွားလိုက်ကြရအောင်။Public Cloud ဆိုတာကတော့ တစ်ခြားorganizationတစ်ခုခုဒါမှမဟုတ်တစ်ခြားCSP တစ်ခုခုဆီကနေServer တွCompute,Storage,Networkတွေserviceတွေapplicationတွေကိုinternet ပါ်ကနေတစ်ဆင့်ဝယ်ယူသုံးစွဲတာကိုပြောတာဖြစ်တယ်
ကိုယ့်companyမှာ web server တစ်လုံးထောင်ချင်တယ်ဆိုပါတော့ အဲလိုအခြေအနေမျိုးမှာ ကိုယ်လိုချင်တဲ့Web Server ကိုတစ်ခြားCloud Service Provider မှာဝယ်ယူသုံးစွဲခြင်းပဲဖြစ်တယ်။အဲလိုဆိုရင်အဲဒီCloud service Providerက ကိုယ့်server ကိုသူတို့ရဲ့ data centerတွေထဲမှာrunထားပေးမှာပဲဖြစ်တယ်။ ကိုယ်ဘက်ကတော့လိုအပ်တဲ့ storage, Memory, CPU အမျိူးအစား အစရှိသည်ဖြင့် quotationပေးပြီးဝယ်ယူရမှာဘဲဖြစ်တယ် ဒီservice model ကိုကြည့်မယ်ဆိုရင် ကိုယ့် company မှာ ဘာdata center, Physical Server တွေလည်း ဆောက်ထားစရာ ဝယ်ထားစရာမလိုဘဲ internet လိုင်းလေးရှိရုံနဲ့ ကိုယ်သုံးချင်တဲ့ web server ကိုလည်းသုံးနိုင်မှာဖြစ်ပါတယ် server maintenance လုပ်မဲ့ administrator, network administrator တွေpower issue တွေ Data center အတွက် shift Assign သမားတွေတောင်လိုမှာမဟုတ်တော့ဘူး ဒါပေမဲ့ Cloud Service Provider တွေကိုတော့  ကိုယ်ဝယ်သုံးတဲ့ server, application,software ပေါ်မူတည်ပြီး daily,weekly,monthly,yearly အစရှိသည်ဖြင့်ဠားရမ်းသုံးစွဲခတော့ပေးရမှာဘဲဖြစ်တယ်။ Public Cloud ကဒီလောက်ပဲဆွေးနွေးချင်ပါတယ်
နောက်ဆုံးတစ်ခုဖြစ်တဲ့Cloud Service Model တွေထဲက hybrid Cloud model အကြောင်းနည်းနည်းဆွေးနွေးချင်ပါတယ်။ Hybrid ဆိုတဲ့အတိုင်းနှစ်ခုပေါင်းသုံးထားတာပဲဖြစ်တယ်
Hybrid cloud က private cloud နဲ့ public cloud model နှစ်ခုကိုပေါင်းစပ်ပြီးသုံးစွဲခြင်းပဲဖြစ်တယ်
ဥပမာအနေနဲ့ပြောရရင်ကိုယ့်Infra (Data Center) ထဲမှာapplication servers တွေ နဲ့ Datastore အတွက် Database serversတွေရှိတယ်ဆိုပါတော့ အဲဒီမှာ Database server တွေအတွက်Data loss မဖြစ်ရအောင်တစ်ခြားတစ်နေရာမှာသိမ်းချင်တယ်ဆိုပါတော့ ဥပမာကိုယ်သုံးထားတဲ့Database က oracle ဆိုပါတော့ အဲဒီမှာကိုယ့်data တွေကိုhigh availability လုပ်ချင်လို့ physical standby database တစ်လုုံးကို company datacenterထဲမှာထားမယ် နောက်တစ်လုံးကို Cloud service provider တစ်ခုမှာ physical standby တစ်ခုအနေနဲ့ ဝယ်ထားမယ်ဆိုပါတော့ အဲဒီမှာဆိုရင် private နဲံ့public  model ပေါင်းထားတဲ့ hybrid model ကိုတွေ့နိုင်ပါတယ်  

Hope For Enjoy Learning 
Phone Myint Myat Zaw 
07/05/2020 7:58PM

No comments:

Post a Comment