ပထမဆံုးအနေနဲ့ azure advisor ကိုသံုးခြင်းဖြင့် azure မှာကိုယ် create လုပ်ထားတဲ့ serviceတွေ virtual machines တွေရဲ့costတွေကိုလျော့ချနိုင်ပါတယ် ဉပမာ advisor ထဲမှာကိုယ်မသံုးတော့တဲ့ application services တွေvirtual machinesတွေကိုshutdownချရန် performanceသိပ်မသံုးတော့တဲ့ virtual machine တွေဆိုရင်လည်း resizing ပြန်လုပ်ပေးပါဆိုပြီးadvisorကနေ alert ပေးပါတယ်
Virtual Networking အပိုင်းမှာဆိုရင်လည်း advisor က မသံုးတော့တဲ့ virtual network gateway တွေဆိုရင်လည်း အချိန် period တစ်ခုအထိစောင့်ကြည့်ပြီး delete လုပ်သင့်မလုပ်သင့်ကြောင်း reconfigure ပြန်လုပ်သင့်မလုပ်သင့်ကြောင်းအကြံပေးပါတယ် အဲလိုလုပ်ခြင်းဖြင့်မသံုးတော့တဲ့ Networkတွေအတွက်ပိုက်ဆံပေးစရာမလိုတော့တဲ့အတွက်costကိုလျော့ချပေးပါတယ် Azure Advisorက တစ်ခြား database services တွေ blob storages တွေ security နဲ့ပက်သက်တဲ့ recommendation တွေကိုလည်း alertပေးပါတယ် အခုအောက်မှာကျွန်တော်subscription ထဲမှာရှိတဲ့ azure advisor နဲ့ ယှဉ်ပြီး ပြောပြပေးသွားမှာဘဲဖြစ်ပါတယ်
အပေါကပံုထဲမှာဆိုကျွန်တော့် Advisor က security နဲ့ပက်သက်တဲ့Recommendation ရယ် High Availability နဲ့ပက်သက်တဲ့ Recommendations alerts တွေပြနေတာမြင်ရမှာဘဲဖြစ်ပါတယ် ပထမဆံုး security ထဲဝင်ကြည့်ပြီး advisor ကဘာတွေအကြံပေးထားလဲကြည့်လိုက်ကြရအောင်ပါ
ပထမ alert က azure ထဲကိုဝင်တဲ့Subscription accountကိုsecurity ကောင်းရအောင်multi factor authentication လုပ်ခိုင်းတာဘဲဖြစ်ပါတယ်
ဒုတိက alert ကိုဝင်ကြည့်လိုက်ရအောင်
ဒုတိယalertက There should be more than one owner assigned to your subscription ဆိုတဲ့အတိုင်း ကျွန်တော် အခုသံုးနေတဲ့subscription မှာကျွန်တော်က Owner တစ်ယောက်ဘဲပေးထားတဲ့အတွက်ကြောင့် password မေ့ခဲ့သည်ရှိသော် portal ထဲဝင်မရဖြစ်ခြင်းအစရှိတယ့်ပြသနာတွေကိုပြေလည်ရန်အလို့ဌာ advisor က owner ကိုတစ်ယောက်ထက်ပိုထားသင့်ကြောင်း alert ပေးခြင်းပဲဖြစ်ပါတယ်
လုပ်ပံုလုပ်နည်း step by step ကိုလည်းပြထားပေးပါတယ်
Advisor ထဲက High Availability alert ထဲဝင်ကြည့်ကြရအောင်
HA ထဲ မှာ medium alert နှစ်ခုကို ပံုမှာပြထားတဲ့အတိုင်းတွေ့နိုင်ပါတယ်
ပထမ Alert က Enable virtual machine backup to protect your data from corruption and accidental deletion ဘာလဲဆိုတော့ ကျွန်တော် create လုပ်ထားတဲ့ virtual machines တွေကို user တွေက ရုတ်တရက်သတိမထားမိဘဲ ဖျက်မိတာမျိုးတွေဖြစ်ခဲ့ရင်တောင်မိမိdata တွေမပျောက်မပျက်အောင်အတွက် virtual machines တွေကို backup features တွေ configureလုပ်ခိုင်းတာဘဲဖြစ်ပါတယ်
နောက် medium alert တစ်ခုက enable virtual machine replication to protect your applications from regional outage ဘာလဲဆိုတော့ virtual machines တွေကို azure region failure ြဖစ်ခဲ့ရင်တစ်ခြား Region တစ်ခုမှာပြန်ပြီး Runနိုင်အောင် availability set တွေလုပ်ခိုင်းတဲ့ alert ဘဲဖြစ်ပါတယ် ဒီလောက်ဆိုAzure Advisor နဲ့ပက်သက်ပြီးနားလည်လောက်ပြီးလို့ထင်ပါတယ် တစ်ခြား Storage တို့ database တို့ကိုလည်း advisor က analysts လုပ်ပြီး Cost တွေသက်သာအောင် user တွေကို ဘာလုပ်သင့်တယ်ဆိုပြီး recommend ပေးပါတယ်
လေးစားစွာဖြင့်
ဘုန်းမြင့်မြတ်ဇော်
16.06.2020
2:17 pm
No comments:
Post a Comment