Thursday, 4 June 2020

Choosing between Microsoft Azure vNet peering and vNet Gateway


ခေါင်းစဉ်အတိုင်းပဲ vNet peering နဲ့VPN Gateway နဲ့ဘယ်ဟာကိုရွေးချယ်အသုံးပြုသင့်လဲဆိုတာဆွေးနွေးပေးသွားမှာဘဲဖြစ်တယ်။အခုဆိုရင် ကျွန်တော်တို့နိုင်ငံတွေမှာလည်း cloud services တွေကိုတွင်တွင်ကျယ်ကျယ်သုံးလာကြပြီးဖြစ်တာကြောင့် customersတွေဘက်ကလည်းသူတို့businessကို မြန်မြန်ဆန်ဆန်နဲ့ data တွေကိုလည်းsecure ဖြစ်အောင်လုပ်ဆောင်ချင်လာတာတွေ့လာရတယ်။ အဲလိုdata တွေ service တွေကို availability ကောင်းနိုင်ရန်အတွက် app တွေ service တွေ resources တွေကို Microsoft Azure Cloud မှာ multiple region တွေခွဲပြီး downtime. မရှိအောင်လုပ်ဆောင်လာကြတယ်။ Microsoft Azureဘက်ကလည်းအဲလို မတူညီတဲ့region ကြီးတွေ တစ်ခုနဲ့တစ်ခုကြားမှာ Run နေနဲ့ resoures တွေတစ်ခုနဲ့တစ်ခု connection တွေရအောင် virtual network peering တွေဒါမှမဟုတ်ရင်VPN Gateway တွေနဲ့ Regions တွေကြားမှာ low latency, High Bandwidth တွေ secure connectionတွေသုံးနိုင်အောင် support ပေးလာကြတယ်။vnet peering နဲ့စလိုက်ကြရအောင်။ vnet peering အကြောင်းကိုတော့ cloud computing part 6မှာ theory ရော practice lab ပါအသေးစိပ်ရေးပေးထားပါတယ်။
ဒီမှာတော့နည်းနည်းလောက်ပဲပြန်ပြောပြချင်ပါတယ်။အဓိကလုပ်ဆောင်ချက်က Azure different virtual network တစ်ခုနဲ့တစ်ခုကိုconnection ရအောင်ချိတ်ဆက်ပေးတာဖြစ်တယ်။အဲလို Peering ချိတ်ဆက်တဲ့အခါ ပုံမှန် over public internet မှာ traffic တွေကို route လုပ်ပြီးသွားတာသွားတာမဟုတ်ဘဲ Microsoft ရဲ့သီးသန့် Backbone ကနေ သွားတဲ့အတွက်ကြောင့် data တွေကလည်း secure ပိုဖြစ်စေပါတယ်
Peering က vNet peering in same region ရော
Different region ရောလုပ်နိုင်တယ် Different regions မှာလုပ်မယ်ဆိုရင်ကျွန်တော်တို့က Global vNet peering လို့ခေါကြတယ်။ ဒါဆိုရင် Azure VPN Gateway ,အကြောင်းလေးဆက်ပြောချင်ပါတယ်။ VPN Gatey က vNet gateway အမျိုးအစားတစ်ခုဖြစ်ပြီး public Internet ပေါမှာ Azure virtual Network နဲ့ on- premises location တွေကြားမှာ traffic တွေကိုtransfer လုပ်ရန်အတွက်အသုံးပြုနိုင်တယ်။ ချုပ်ပြီးပြောရမယ်ဆို vNet တစ်ခုကနေတစ်ခုကို vNet peering သုံးပြီး traffic တွေကိုပို့နိုင်သလို VPN gate way ကိုလည်းသုံးနိုင်တယ်။ ကျွန်တော်အပေါမှာ‌‌ ခေါင်းစဉ်မှာပြောထားတဲ့အတိုင်း vNet တစ်ခုကနေ တစ်ခြား vNet တစ်ခုကို traffic တွေ transfer လုပ်တော့မယ်ဆိုရင် vNet peering နဲ့ VPN Gateway တို့ထဲမှာမှ ဘာကိုရွေးချယ်အသုံးပြုသင့်လဲဆိုတာကတော့ ဥပမာအနေနဲ့ကိုယ့်organization
မှာ region တစ်ခုနဲ့တစ်ခုကြားက data replication တွေ database failover တွေလုပ်တော့မယ်ဆိုရင်vnet peering ကိုသုံးနိုင်တယ် traffic တွေကို Microsoft private Backbone ပေါကနေ transfer လုပ်တဲ့အတွက် high bandwidth တွေ high performance တွေ ရစေတယ် VPN Gateway ကိုသုံးရရင်တော့ ကိုယ်အသုံးပြုတဲ့ VPN အမျိုးအစားပေါမူတည်ပြီး bandwidth ကန့်သတ်ချက်‌ေတာ့ရှိကြတယ် ဒါပေမယ့် data တွေက VPN Tunnel ပေါကသွားတဲ့အတွက်ကြောင့်data တွေကို secure ဖြစ်စေတယ်။ ဒီလောက်ဆိုရင်တော့ဘယ်ဟာကိုရွေးချယ်အသုံးပြုရမလဲဆိုတာတော့သိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျွန်တော်ရေးသားထားတဲ့အ‌ကြောင်းအရာတွေထဲမှာ မှားတာတွေလည်းရှိကောင်းရှိနိုင်ပါတယ်။ စိတ်၀င်စားတဲ့လူတွေလည်းအောက်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်
လေးစားစွာဖြင့်
Phone Myint Myat Zaw
7.06.2020
12:34 AM

No comments:

Post a Comment