Saturday, 27 June 2020

Microsoft Azure Loadbalancer

Introduction to Microsoft Azure Load Balancer

Azure Loadbalancer ရဲ့အဓိကတာဝန်ကသူ့ဆီကိုဝင်လာတဲ့trafficတွေကိုbackend poolထဲမှာရှိတဲ့serversတွေapplicationတွေဆီကိုload balancing rules တွေ health probes တွေကိုသံုးပြီးသူတို့သက်ဆိုင်တဲ့Destination serversတွေ Applications တွေဆီကိုပို့ဆောင်ပေးပါတယ်
Azure loadbalancer မှာload balancer types က public load balancer နဲ့ internal load balancer ဆိုပြီးနှစ်မျိုးသံုးနိုင်ပါတယ် ဘယ်အမျိုးအစားကိုဘယ်မှာသံုးရမလဲဆိုတာတော့နောက် Article မှာဆွေးနွေးသွားပေးပါမယ် အခု azure loadbalancer မှာပါဝင်တဲ့Components တွေအကြောင်းဆွေးနွေးပေးသွားပါမယ် ပါဝင်တဲ့ components တွေကတော့
1)Frontend IP Configuration
2) Backend Pool
3)Health Probes
4)load balancing rules
5)Inbound NAT rules တို့ဘဲဖြစ်ပါတယ်

1) Frontend IP Configuration
Frontend IP configuration က public IP address ဖြစ်နိုင်သလို private IP address လည်းြဖစ်နိုင်ပါတယ် အဲဒါကကိုယ်အသံုးပြုမည့် load balancer အမျိုးအစားပေါမူတည်ပါတယ် ဥပမာinternal loadbalancer သံုးမယ်ဆိုရင် private ip addressကိုသံုးနိုင်ပြီး public loadbalancer ကိုသံုးမယ်ဆိုရင်တော့ public loadbalancer ဆိုပြီးသံုးနိုင်ပါတယ်


2) Backend Pool
Backend pool ဆိုတာ loadbalancer နောက်မှာရှိပြီး ပံုစံတူ services တူ serversတွေ applications တွေကို group တစ်ခုအနေနဲ့ လုပ်ထားတာကိုပြောတာဖြစ်ပါတယ် loadbalancing မှာကြတော့အဲလိုgroupလုပ်တာကို backend pool လို့ခေါပါတယ်  အဲဒီbackend pool ထဲမှာ ကိုယ့် applications တွေ serversတွေကို load balancing လုပ်နိုင်အောင် တူရာ serversတွေ applications တွေကိုထည့်ပေးရမှာဘဲဖြစ်ပါတယ်

3) Health Probe
Health probes ကload balancer နဲ့ backend pool ကြားမှာအလုပ်လုပ်ပေးပြီးသူ့ရဲ့တာဝန်ကတော့ Backend poolထဲမှာရှိတဲ့ applicationsတွေserversတွေရဲ့ heart beat တွေ health ြဖစ်မဖြစ်စောင့်ကြည့်ပေးရတဲ့တာဝန်ဘဲဖြစ်ပါတယ် Backend pool ထဲမှာရှိတဲ့ servers တစ်လံုးလံုး down (unhealthy)ဖြစ်သွားခဲ့သည်ရှိသော် health probe က သူ့မှာသတ်မှတ်ထားတဲ့interval အချိန်တစ်ခုအထိစောင့်ဆိုင်းပြီး အဲဒီအချိန်အတောအတွင်း down သွားတဲ့ server က healthy (up) ပြန်မဖြစ်တော့ဘူးဆိုရင် loadbalancer ကနေ ဝင်လာတဲ့ incoming traffic တွေကို backend poolထဲမှာရှိတဲ့ တစ်ခြား healthy ြဖစ်နေတဲ့serversတွေဆီကို ဝင်လာတဲ့ trafficတွေကိုပို့ဆောင်ပေးမှာဘဲဖြစိပါတယ်

4) Loadbalancing Rules
ဒီဟာကလည်းload balancing မှာအဓိကကျတဲ့နေရာမှာပါဝင်ပါတယ် သူရဲ့လုပ်ဆောင်ချက်က Backend pool ထဲကိုသွားမယ့် trafficတွေကို loadbalancing rulesတွေနဲ့တိုက်စစ်ရတဲ့တာဝန်တွေဘဲဖြစ်ပါတယ် ဥပမာ rulesတွေက TCP ConnectionတွေလားUDP Connection လား ဘယ်port number တွေကိုနဲ့ဝင်လာမှာလဲအစရှိတဲ့ rules တွေနဲ့ဝင်လာတဲ့ connection ကို တိုက်စစ်ပြီးသက်ဆိုင်ရာ destination ကိုပို့ဆောင်ပေးပါတယ်


Enjoy visiting to my blog
Author by
Phone Myint Myat Zaw
28/06/2020
12:25PM

No comments:

Post a Comment