Wednesday, 27 May 2020

Azure virtual Network Peering setup between different region and different resource group (step by step)

In this lab, I already created  two resource groups (Prod-dev and Uat-dev) in different regions as shown in figure.
And the I had two virtual networks, prod-vnet and uat-vnet both are placed in different regions and different resource groups.

Also I had two virtual machines, prod-vm1 (in EastUS ) uat-vm1 (in East Asia).
By default, we cannot talk or communicate between uat-vm1 and prod-vm1 because both of the virtual do not have the same virtual network, region and resource group. In this situation, we have to create "virtual network peering " to communicate between these different virtual network.



I already open "RDP Port 3389" in Both vm's network security group's inbound connection to access remote Desktop connection. 
Now I login into both virtual machines and test network connectivity between these two virtual machine whether they can talk each other or not with ping command.
prod-vm1 private ip address :10.1.0.4    
uat-vm1 private ip address : 192.168.1.4


Test connection from uat-vm1 to prod-vm1 beforce virtual network peering.
Test connection from prod-vm1 to uat-vm1 beforce virtual network peering.

So we need to solve this problem by creating virtual network peering.
Go to uat-net (virtual network) and click "peering" tab.

And Click "ADD"
  1. Type the name of your peering 
  2. Select you subscription 
  3. Select virtual network that you want to talk with your uat-dev-net ( I choose prod-dev-net because i want to talk with this network)

4. "Enable " allow virtual network access from uat-dev-vnet to prod-dev-vnet ( to communicate uat-vm1 and prod-vm1)
5.Leave other option default ( I will explain other option in the next lesson and press OK to continue)

Now Test connection again from uat-vm1 to prod-vm1 after virtual network peering

That's all.
Hope you enjoy learning.
Author By 
Phone Myint Myat Zaw
27/05/2020 5:55PM
If you want to theory of virtual network peering.Please visit below the link for your information.

Tuesday, 26 May 2020

Virtual Network peering in Azure


Virtual Network peering in Azure ရဲ့အဓိက ရည်ရွယ်ချက်က တော့ ကျွန် တော်တို့create လုပ်လိုက်တဲ့ resource groups တွေထဲမှာရှိတဲ့ resources တွေ ( virtual machines တွေ application)  တွေကို virtual network တွေ regions တွေမတူညီသည့်တိုင် အောင်အချင်းချင်း Communicate လုပ််နိုင်ရန်လုပ်ဆောင်‌‌ေပးတာပဲ ဖြစ်ပါတယ်
Microsoft က သူတို့ရဲ့ cloud Customers တွေအတွက် availability တွေကောင်းလာရန် ကြံရွယ်ပြီး global regions အနှံ့ မှာ Data Centers ကြီးတွေ ဆောက်ပြီး service ပေး နေတာဘဲဖြစ်တယ်
ဒါ ကြောင့် cloud Customers တွေဘက်က လည်းသူတို့ ရဲ့ applications တွေ servers ကြီးတွေကို downtime မရှိ အောင်နဲ့ availability ကောင်းနိုင်ဖို့အတွက် သူတို့ resources တွေကို different regions တွေမှာ ထားလာကြတယ် အဲဒီအတွက် Microsoft Azureဘက်ကလည်းသူတို့ customers တွေ အတွက် different regions တွေမှာရှိတဲ့ resources တွေအချငိးချင်း အပြန်အလှန်communicate လုပ်နိုင်ဖို့အတွက် virtual Network peering တွေသံုးလာကြတယ်
အဲတာဆို Azure peering နဲ့ပက်သက်ပြီးနည်းနည်းလောက် ဆွေးနွေးချင်ပါတယ်
Azure မှာက types of peering က နှစ်မျိုးရှိပါတယ်
1) Virtual Network Peering
2) Global Virtual Network Peering တို့ဘဲဖြစ်ပါတယ်
1) Virtual Network Peering ကိုအတိုချုပ် ပြောပါဆိုရင် same region တွေ ဒါမှမဟုတ်ရင် different virtual Network တွေမှာရှိတဲ့ resources တွေအချင်းချင်း communicateလုပ်နိုပ် အောင် ကူညီပေးတာပဲဖြစ်တယ် Same region ဆိုပေမယ့် different resource groups တွေမှာရှိတဲ့ resources (server, Network, applications)တွေကိုလည်း communicate လုပ်ပေးပါတယ်
Virtual Network Peering ရဲ့ benefits တွေကတော့ ကျွန် တော်တို့ route လုပ်ချင်တဲ့ different virtual network တွေကို bandwidth ပမာဏများများနဲ့  data တွေကို security ကောင်း ကောင်းနဲ့  ပို့ဆောင် နိုင်မှာဘဲဖြစ်တယ် ပြီးရင် လည်း Azure Subscription, Azure Active Directory Tenantsနဲ့ Azure regions တွေကြားမှာလည်း data transfer လုပ်နိုင်ကြတယ်
ပြီးရင်ကျွန်တာ်တို့ different virtual network တွေအတွက် peering configurationလုပ်တဲ့အချိန်မှာဆိုရင် server တွေကို downtime မ ပေးရတဲ့အချက်ကတာ့ အကြိုက်ဆုံးပါဘဲ၊😁
ကျွန် တော်ဖတ်ထား လေ့လာထားသလောက်ကတော့ Microsoft က အဲလို peer virtual network ထဲမှာသွားတဲ့ network traffic တွေကသူတို့ရဲ့ private dedicated network  တွေ ကိုသုံးထားတယ်လို့ ဆိုတယ် အဲဒီ private network ကြီးတွေကို Microsoft ဘက်က သီးသန့် Microsoft Backbone Network တွေနဲ့ချိတ်ဆက်ထားပြီးdata traffic တွေကို transfer. လုပ်ပေးနတာဘဲဖြစ်တယ်
နောက်တစ်ပိုင်းမှဘဲ Global Virtual Network Peering အကြောင်းဆွေးနွေးပေးသွားမှာဖြစ်ပါတယ်
အောက်တွင်၀င် ရောက် ဆွေးနွေးနိုင်ပါတယ်
လေးစားစွာဖြင့်
Author By
phone Myint Myat Zaw
26.5.2020
10:30PM

Sunday, 24 May 2020

Benefit of Cloud Computing

Advantages of Cloud Computing


Cloud Computing ကိုသုံးစွဲခြင်းကြောင့်ရရှိလာတဲ့အကျိုးကျေးဇူးတွေကိုပြောပါဆိုရင်Companies တွေအ‌နေနဲ့အခု‌ေနာက်ပိုင်းမှာသူတို့ရဲ့applicationတွေ software တွေ data တွေ server တွေကို cloud ပေါမှာ run နိုင်ဖို့ data တွေသိမ်းဆည်းနိုင်ဖို့‌‌ေရွးချယ်လာကြတယ် လက်ရှိသူတို့မှာရှိတဲ့ infrastructure တွေကို ကုန်ကျစရိတ်သက်သာ စေဖို့ hardware budget, system administrator တွေကိုဌားရမ်းဖို့ အစရှိတဲ့ကုန်ကျစရိတ် တွေလျော့ချနိုင်ဖို့အတွက် နောက်ပိုင်းမှာ cloud services တွေကို တွင်တွင်ကျယ်ကျယ်သုံးလာကြပြီးပဲဖြစ်တယ်
ပထမဆုံး cloud service ရဲ့ benefits တေွကိုပြောပါဆိုရင်cost effective ဖြစ်တဲ့အကြာင်းက‌ေနစ ပြောမှာဘဲဖြစ်တယ် Cloud computing က အဓိကအားဖြင့်Pay-As-You-Go နဲ့ consumption based Model ကိုအခြေခံထားတဲ့ Pricing Model တစ်ခုဘဲဖြစ်တယ် ဒီနေရာမှာ Consumption Based Model အကြောင်းနည်းနည်းဆွေးနွေးချင်ပါတယ်
1)No Upfront Infrastructure Cost - ဘာလဲဆိုတာ့ကိုယ့် business တစ်ခုစrunတော့မယ်ဆိုရင် cloud computing ကိုသုံးစွဲခြင်းကြောင့် Infrastructure တွေ Data Center တွေဆောက်ဖို့ server hardware တွေအတွက်လိုအပ်မဲ့ပိုက်ဆံတွကို အရင်ဆုံးရင်းနီး ဆောက်လုပ်ထားစရာမလိုဘူးလို့ ပြောခြင်းဘဲဖြစ်တယ်
2) The ability to pay for additional resources only when they are needed
ကိုယ့် Cloud Infrastructure အတွက်လိုအပ်တဲ့ resources တွေ ဥပမာ ကိုယ့် organization မှာserver တွေအတွက် storageက12TB လိုအပ်တယ်ဆိုရင် ကိုယ်လိုချင်တဲ့အချိန်cloud service provider တွေဆီကချက်ချင်းစောင့်ဆိုင်းစရာမလိုဘဲဝယ်ယူသုံးစွဲနိင်တာပဲဖြစ်တယ် Traditional infrastructure တွေမှာဆိုရင် အဲလို storage. တိုးဖို့အတွက်လိုအပ်တဲ့ storage တွေကိုအပြင် vender တွေဆီကမှာကတာမျိူး မှာရင်လည်း business day 3 to 4 weeks စောင့်ရတာမျိုးမရှိတဲ့အတွက် လိုချင်တဲ့ requirement ကိုလိုတဲ့အချိန်ရနိင်တာမျိုးတွေကလည်း cloud ရဲ့ benefits တွေဘဲဖြစ်တယ်
3)Cloud is scalable
4)Cloud is elastic

- The ability to stop paying resources that are no longer needed
ဥပမာကိုယ့်Company မှာApplication တစ်ခုrunထားတယ်ဆိုပါတော့ အဲဒီApplication အတွက် ပေးရမယ့်Memory ပမာဏက ကိုယ့် physical server မှာမ လောက်တဲ့ physical server တွေမှာMemory တိုးတော့မယ်ဆိုပါတော့။အဲလိုလုပ်တော့မယ်ဆိုရင်ပထမဆုံး server shutdown ချပြီးလာပ်ဆောင်ရမှာသာဖြစ်တယ် server shutdownချတယ်ဆိုတာ ပြောသာလွယ်တာ မိမိCompany ရဲ့Business ကိုအ‌နည်းနဲ့အများ တော့ နှောင့် နှေးထိခိုက်နိုင်မှာဘဲဖြစ်တယ် လိုအပ်တဲ့ resource ကိုလည်းမှာယူချိန်ကလည်းစောင့်ဆိုင်းရမှာဖြစ်တယ် အဲဒီအတွက်down time အနည်းဆံုးနဲ့ customer access မလုပ်တဲ့အချိန် တွေ ကိုရွေးချယ်ဖို့လိုလာပြီးဖြစ်တယ်အဲလိုအချိန် တွေစောင့်ဆိုင်း နေရင်းနဲ့ လပေါင်းများစွာကြာသွားတတ်တယ် Cloud service ရဲ့အားသာချက်က ဒီနေရာမှာDowntime ကိုအနည်းဆုံးအထိသက်သာစေမှာဘဲဖြစ်တယ် ကိုလိုချင်တဲ့ resource ပမာဏကို မိနစ်ပိုင်းအတွင်းမှာ downtime အနည်းဆုံးနဲ့ မိမိရဲ့ Businessကိုပြန်လည်လည်ပတ် စေမှာဖြစ်တယ်
အပေါမှာပေးထားတဲ့ဥပမာအရ ကိုယ့် physical infra ထဲက server မှာupgrade လုပ်ထားတဲ့ memory ကိုနောက်တစ်ချိန်မှာ မလိုအပ်တော့ဘူးဆိုရင် ကျွန် တော်တို့အတွက် အပိုဖြစ်နေတတ်တယ် မလိုတာ့ရင်ပြန်လည်းရောင်းမရတော့ဘူး၊😭 cloud မှာက အဲလိုအ ခြေအနေမျိုးမှာ ကိုယ့် virtual server အတွက်မလိုအပ်တာ့တဲ့resourceတွေကို pay as you go model အတိုင်းမသုံးတော့တဲ့resource တွေကို unsubscribe လုပ်ပြီးကိုယ်သုံးတဲ့ ကိုယ်လိုအပ်မဲ့ resources တွေကိုသာ၀ယ်ယူသုံးစွဲနိုင်မှာဘဲဖြစ်တယ်
အဲဒီမှာCloud Resources တွေကို အတိုး အလျော့လုပ်တာနဲ့ပက်သက်ပြီး scaling လုပ်တဲ့အပိုင်းလည်းနည်းနည်းပါးပါး ဆွေးနွေးချင်ပါတယ် Cloud ပေါမှာက ကိုယ့် workload တွေအပေါမူတည်ပြီးresources တွေ services တွေကိုscaling လုပ်နိုင်ပါတယ်
Scaling ကိုနှစ်မျိုးခွဲသတ်မှတ်နိင်တယ်
1) vertical scaling
2) horizontal scaling

အဲတာဆိုvertical scaling ကဘာလဲဆိုတော့
သူကိုတစ်နည်းအားဖြင့် scale up လုပ်တာလို့လဲခေါကြတယ် ဥပမာ ပေးရမယ်ဆိုရင် ကိုယ့်ရဲ့ cloud ပေါမှာရှိတဲ့ virtual machines တွေကို လိုအပ်လာရင် နောက်ထပ် resources တွေဖြစ်တဲ့ CPU တွေ Memory တွေ Storage တွေကို ထပ်တိုးပေါင်းထည့်တာကိုဆိုလိုခြင်းဘဲဖြစ်တယ် အဲလိုလုပ်ဆောင်ခြင်း တွေကို scale up (vertical scaling ) လုပ်တာလို့ ခေါတယ်
Horizontal scaling က ကိုယ် application တင်run ထားတဲ့ servers တွေ ဒီ‌ နေရာမှာservers တွေကိုပြောတာက ဥပမာ production environment မှာ ဘယ်သူကမှမိမိapplication ကို server တစ်လုံးထဲ မှာတင်runကြမှာမဟုတ်ပါဘူး အဲဒီapplication အတွက် Hight availability ဖြစ် အောင် load balancing ဖြစ် အောင် cluster ကြီးတွေ ဆောက် HA တွေဖွဲ့ပြီး ကိုယ်သုံးချင်တဲ့ ‌app တွေကိုတင်runလာကြတာပဲဖြစ်တယ် အဲလို cluster တွေ load balancer တွေတစ်ချိန်ချိန်မှာ load မမျှ တော့တဲ့အခြအ နေမျိူးတွမှာ သူတို့ cluster group တွေထဲကို server အသစ်တေဠထပ်တိုးရတာမျိူး အဲလို လုပ်ဆောင်ချက်ကို တစ်နည်းအားဖြင့် horizontal scaling လုပ်တာလို့ ခေါကြတယ် (ဒီနေရာမှာတခြားဘက်ကလည်းစဥ်းစားနိုင်ပါတယ်ကျွန်တော်က horizontal scaling ကိုမြင်သာအောင်တင်ပြခြင်းဘဲဖြစ်တယ်
5)Cloud is reliable
Cloud customers တွေအနေနဲသူတို့Data တွေကို
Cloud ပေါက်ကြားမှုမရှိဘဲ ပျက်စီးခြင်းမရှိဘဲ လုံလုံခြုံခြုံရှိချင်ကြမှာဘဲဖြစ်တယ် Cloud service provider တွေဘက်ကလည်းသူတို့ customer တွေအတွက် data တွေကို safe ဖြစ်အောင် Data back တွေ recovery plan တွေ replication တွေလုပ် ဆောင် ပေးပြီး customes တွေရဲ့ data တွေကို safe ဖြစ်အောင်ထိန်းသိမ်း ပေးလာ ကြတယ်
အပေါမှာကျွန် တော်ဆွေး နွေးခဲ့တဲ့အ ကြောင်းအရာတွေက cloud computing ကို သုံးခြင်းအတွက်ရရှိလာမယ့် အကျိုးကျေးဇူးတွေဘဲဖြစ်တယ် တစ်ခြားအများကြီးလည်းရှိပါသေးတယ်
အောက်တွင်၀င် ရောက် ဆွေး နွေးနိုင်ပါတယ်
လေးစားစွာဖြင့်
Author By
phone Myint Myat Zaw
24.05.2020
7:50zPM

What is SaaS?

Software as a Service(SaaS)


Cloud service models တွေထဲကနောက်ဆုံးတစ်ခုဖြစ်တဲ့ SaaS ကတော့ End-user တွေကကိုယ်အသုံးပြုချင်တဲ့ software တွေကို CSPတွဆီကဝယ်ယူသုံးစွဲခြင်းဘဲဖြစ်ပါတယ် ဥပမာအနနဲ့ ပြောရမယ်ဆို ရင်google Guite တို့လို storage ရောင်းတဲ့ provider တွေဖြစ်တဲ့ pCloud, DropBox,iCloud နဲ့ oneDrive ကဲ့သို့သော software တွေဘဲဖြစ်ပါတယ် Microsoft ကထုတ်တဲ့ office 365ဆိုရင်လည်း software as a service အနေနဲ့လက်ရှိ global မှာ ရေပန်းစား နေတဲ့ platform တစ်ခုလည်းဖြစ်တယ် ဒီmodel မှာဆိုရင်လည်း pay as you go ဆိုတဲ့ cloud rule အတိုင်း ကိုယ်သုံးချင်တဲ့ software ကို monthly, yearly အလိုက် ၀ယ်ယူသုံးစွဲခြင်းဘဲဖြစ်တယ်
Author By
Phone Myint Myat Zaw ⌚⌚⌚
Written 24.05.2020 3PM

Saturday, 23 May 2020

What is Paas?

Platform as a Service (PaaS)

PaaSကsoftware‌ ‌‌ေတွapplication တွေကိုလျင်လျင်မြန်မြန်နဲ့Deoloyလုပ်နိုင်ဖို့cloud service provider (CSP)တွေဘက်ကsupport ပေးလာတဲ့ cloud service model တွေထဲကတစ်ခုဘဲဖြစ်ပါတယ် ဥပမာပြရမယ်ဆိုရင် ပုံမှန်ဆိုweb site ဒါမှမဟုတ် web application တစ်ခုdeployလုပ်ချင်တယ်ဆိုရင် web server အတွက် physical server ၀ယ်ရမှာတို့ အဲဒီserver မှာတင်မဲ့ web service က Microsoft က IIS လား ဒါဆိုရင်window server operating system တင်ရမှာ‌ပေါ့ ဒါမှမဟုတ် Linux ဘက်ကဆိုကင် Apache လား Nginx လား အစရှိသည်ဖြင့်operating systemကအစစဉ်းစားရမှာဘဲဖြစ်တယ် အဲလိုweb hosting လုပ်ပြီးတာ‌ေတာင်မှကိုယ်web service တင်run ထားတဲ့ operating system တွေအတွက် Microsoft ဘက်ကဆို window update တွေsecurity update တွေ Linux ဘက်ကဆိုရင်လည်း ဥပမာ Redhat server သုံးထားရင်လည်း Redhat Subscription ကို registerလုပ်ပြီး portal က ပေးတဲ့ security patches တွေ repositories update ‌တွေကိုအမြဲadministrator တွေကupdate လုပ်ပေးရမှာဘဲဖြစ်တယ် PaaSကအဲလိုအချက်အားလုံးကို ပြေလည် အောင်လုပ် ဆောင် ပေးပါတယ် ကိုယ်သုံးချင်တဲ့ applicationအတွက်လိုအပ်တဲ့operating system တွေ service တွေကိုပါ တစ်ခါတည်း support ပေးတဲ့အတွက် ကိုယ့်business အတွက်မလိုလားအပ်တဲ့အခြားinstallation နဲ့ maintenanceလုပ်ရမယ့်အချိန် တွေကိုလည်းလျော့ချ ပေးတယ် အဲလို  တွေကြောင့်လည်းcloud customer တွေအနေနဲ့တခြားပိုင်း တွေကိုဂရုစိုက်အချိန်ပေးဖြေရှင်းစ၇ာမလိုတဲ့အတွက် ကိုယ့်application develop လုပ်ဖို့အတွက်သာအဓိကအချိန်ပေးရတဲ့အတွက် workloadကိုအများကြီးသက်သာစေပါတယ် Customersတွေဘက်ကresourcesတွေကို pay as you go plan အတိုင်းဝယ်ယူသုံးစွဲနိုင်တဲ့ platform service တစ်ခုဘဲဖြစ်တယ်
Author by
Phone Myint Myat Zaw
Written : 24.05.2020 2:40PM

What is VSAN?

Introduction to VMware Virtual SAN (VSAN)


VMWare virtual SAN အကြောင်းမပြောခင်ဘာကြောင့်vsanကိုသံုးသင့်တယ်ဆိုတာလက်ရှိVMware infrastructures တွေတဲကသံုးထားတဲ့storage architecture တွေအကြောင်းနည်းနည်းလောက်ပြောပြချင်ပါတယ်
တစ်ချို.vmware farm တွေမှာဆိုရင်storageအတွက်Synology device,Dell emc storage , Hp 3PAR server တွေ နဲ့ share storage သံုးကြတာတွေ့ရတယ် ဥပမာ ESXi Host Serversတွေအတွက်ဆိုရင် dell server R730 ,R740 အစရှိသည်ဖြင့်VMware hypervisor တင်run ဖို့အတွက်အသံုးပြုကြတယ် ESXi host တွေပေါမှာတင်runမဲ့virtual machines တွေရဲ့storage ကိုတော့ Synology Storage Device, Dell storage device တွေ ကို share storage အနေနဲ့ထားလာကြတယ် ဒီမှာဘာကြောင့်share storage လို့‌ပါပြောသလဲဆိုရင် ESXi hosts တွေကို cluster ဖွဲ့ပြီး virtual machinesတွေကို Vmotion တွေ FT တွေ HA တွေ လုပ်နိုင်အောင်လို့ပေါ့
တစ်ချို့ budget strong ဖြစ်တဲ့ company တွေကတော့ Storage ပိုင်းကို fabric architecture တွေဖြစ်တဲ့ san တို့ဘာတို့သံုးလာကြတယ် ESXi Hosts တွေကို dell server series တွေထဲကမဟုတ်ရင်လဲ HP brand တွေထဲက HP proliant DL Gen series servesr တို့ပေါ့ သူတို့အတွက်storage အပိုင်းကိုတော့ Dell EMC storage server လား DELL Storage တွေဖြစ်တဲ့ Dell MD series လား DELL SCv series တွေထဲကလားHP ထဲကဆို HP 3PAR လားအစရှိသညိဖြင့်သံုးလာကြတယ် storage ကလည်း fiber channel တွေ fabric architecture တွေဖြစ်လာကြတော့Zoning တွေလုပ်ဖို့ SAN Switch တွေလိုလာမယ် တစ်ချို့ကလည်း Cisco brand တွေထဲကသံုးကြတယ် တစ်ချို့ကလည်း brocade brand တွေထဲကသံုးလာကြတယ် ကျွန်တော်ကတော့ brocade တွေသံုးတာ များများတော့တွေ့ဖူးတယ်
အဲလို storage controller တွေနဲ့zoning တွေ ခွဲပြီး Hosts တွေနဲ့ 7GB ,10GB Network Links တွေကိုmapping လုပ်ဖို့ ESXi host server တွေမှာHBA (Host bus adapter)Card တွေလိုလာပြီး
အဲလိုတွေလုပ်လို့ Storage performance ကတော့ တော်တော်လေးကောင်းပါတယ် (hardware maintenance တော့လုပ်ပေးရတာပေါ့)
Vsanအပိုင်းလေးတော့ရောက်တော့မယ်ဉပမာအနေနဲ့storage devices တွေ ကို scale up scale out လုပ်တော့မယ်ဆိုတော့ လက်ရှိသံုးထားတဲ့storage server က dell MD series ထဲက နေက်ထပ်အသစ်ဝယ်ထားတဲ့server က SCv Series ဆိုတော့ နဂိုရှိပြီးသား Dell MD series က share ထား တဲ့ data storage ကို အသစ်ထည့်လိုက်တဲ့ DELL SCv series နဲ့storage ပေါင်းချင်တာdevices controller က compatible မဖြစ်လို့အဆင်မပြေတာမျိုးတွေကြံုဖူးတယ် ထားပါတော့ ဒီလိုမျိုး fiber san storage architecture တွေမှာဆိုရင် hardware maintenance လုပ် ရမှာတွေကအများကြီးပဲ e,g storage server hardware, hard disk, San switch တွေ zoning status အစရှိသည်ဖြင့် အများကြီး maintenance လုပ်ရတယ်
အဲလိုပြသနာတွေကိုပြေလည်အောင် VMware ကနေ Hyper Converge Infrastructure တစ်ခုဖြစ်တဲ့ Vsanကိုမိတ်ဆက်ပေးလာကြတယ် vsan ကတော့ Vcenterထဲမှာပါ လာတဲ့ feature တစ်ခုဆိုလည်းဟုတ်တယ်
Vsan သံုးတော့မယ်ဆိုရင် ESXi Hosts တွေ မှာပဲ သူနဲ့hardware compatibleြဖစ်တဲ့ Hard disk တွေ SSD တွေထပ်စိုက် ပြီး ESXi hosts တွေကြားမှာ Vsan cluster ဖွဲ့ပြီးတော့share Storage အနေနဲ့ သံုးနိုင်တယ်
အဲလိုဆိုအပေါမှာသံုးထားတဲ့ fabrics architecture တို့လို san network ကြီးတွေမလိုတော့ဘူးပေါ့ storage server တွေhardware maintenance အတွက်လည်းအများကြီးသက်သာတာပေါ့
Vsan သံုးတော့မယ်ဆိုရငိတော့သူမှာလည်း minimum requirement တွေတော့လိုအပ်တယ် Vsan အတွက် esxi hosts တွေကြားကnetwork links တွေက 10 G linkတွေ ကိုယ့် VMware farm ထဲမှာ အနည်းဆံုး ESXi hosts က ၃ လံုးရှိရမယ် hosts ၂ လံုးသံုးချင်ရင်လည်းရတော့ရတာပေါ့အဲhost ၃ လံုးကို cluster တစ်ခု ဆောက် ပေးရမယ် ပြီရင် cluster ထဲမှာ Vsan ကို enable လုပ် disk group တွေcreate လုပိပြီးသံုးလို့ရပြီးပေါ့
Vsanရဲ့ architecture က cache tier နဲ့ capacity tier ဆိုပြီး claim type နှစ်မျိုးရှိတယ်
Cache tier က data တွေကို storage ထဲမသိမ်းခင် read လုပ်ဖို့ နဲ့ buffer တွေကို write ဖို့အတွက်သံုးပြီး capacity tier က persistent datastore အတွက်သံုးတယ် အဲတာကြောင့်လည်းperformance ကောင်းတာပေါ့ Vsan ရဲ့ service တစ်ခုဖြစ်တဲ့ deduplication and compression ကတော့ ကိုယ့်ရဲ့ data storage က data တွေကို compress လုပ်ပြီး storage Space ကို save ဖြစ်အောင်လုပ်ပေးတယ်
အပေါမှာပြောထားသလို Vsan မသံုးခင် disk group ဖွဲ့ပေးရတယ်ဆိုတာနဲနဲရှင်းပြခင်တယ်Vsan အတွက် disk group create လုပ်တော့မယ်ဆိုရင် disk group တစ်ခုမှာ cache flash type အနေနဲ့ flash device တစ်ခုအများဆံုးပါရမယ်capacity device တွေအနေနဲ့hard drive ဒါမှမဟုတ် SSD flash drive တွေရောသံုးနိုင်တယ်ဒါကတော့ကိုယ်သံုးချင်တဲ့ topologyအပေါမူတည်တယ် ကိုယ့်topologyက All flash configuration လား hybrid configuration လားပေါ့ Capacity device တွေအနေနဲ့အများဆံုး disk group တစ်ခုမှာ 7 လံုးအထိသံုးနိုင်တယ်disk group တွေဖွဲ့ပြီးရင် Storage policy တွေ assignပြန်ချပေး ပြီးရင်တော့ Vsan Datastore ကိုcreate လုပ်ပြီးသံုးလို့ရပြီးပေါ့ Vsan datastore createလုပ်ပြီးရင်ပထမဆံုးလုပ်ပေးရမှာကVsan cluster ထဲမှာ Vsan ကို health checkups လုပ်ပေးရတယ် Vsan health checkups က Vsan cluster ထဲမှာရှိတဲ့Vsan အစိတ်အပိုင်းတွေကကောင်းကောင်းအလုပ်လုပ်နေတာလားhardware တွေမှာerror ရှိနေလား cluster ထဲက ESXi hosts တွေနဲ့ network connectivity တွေကရောအဆင်ပြေလားဆိုပြီး ဆိုပြီး checkလုပ်ပေးတယ် ထွက်လာတဲ့result တွေကိုလည်း administrator ကအလွယ်တစ်ကူresolve လုပ်နိုင်တယ်
အဲလိုတွေအတွက်ကြောင့်လဲ issue တစ်ခုချင်းတွေလိုက်ဖြေရှင်းတာထက် health checkup run ရံုနဲ့ အားလံုးကိုပြေလည်စေတယ်
Vsan health check ပြီးရင် Vsan storage cpacity တွေ Vsan performance monitoring တွေကိုလည်းစစ်ဆေးနိုင်တယ်
အောက်မှာstep by step လုပ်ပံုလုပ်နည်းပြပေးထားတယ်
အောက်တွင်၀င်ရောက်ဆွေးနွေးနိုင်သည်
Author By
Phone Myint Myat Zaw
6:00pm
22/04/2020































Sunday, 10 May 2020

Cloud Service Model

Cloud Service Model

  • Iaas (Infrastructure as a service)
  • Paas(Platform as a service)
  • Saas(Software as a service)

What is IaaS?


What is Iaas?
What is Iaas?
Iaas (Infrastructure as a service)ဆိုတာက cloud service provider   တှဆေီက virtual server (Instance) တွေကိုဝယ်ယူသုံးစွဲတာဖြစ်တယ်။CSP တွေဘက်ကကိုယ့်ကိုserver, storage, networking အပိုင်းတွေကိုဘဲထောက်ပံံ့ပေးမှာဖြစ်ပါတယ်။အဲဒီserver တွေအပေါ်မှာတင်runမဲ့operation system တွေapplication အပိုင်းတွေ service အပိုင်းတွေ ကိုတော့မိမိကိုယ်တိုင်ကဘဲတာဝန်ယူကိုင်တွယ်ရမှာဖြစ်ပါတယ်။ဥပမာအဲဒီserverတွေပေါ်မှာတင်runမဲ့ operation system ကmicrosoft window server လား linux operating system လား သုံးမဲ့storage type က ဘာအမျိုးစားလဲ အဲဒီOS အတွက် run ရမည့်security patches တွေ OS patches တွေအားလုံးကိုလည်းကိုယ်ကိုယ်တိုင်ကဘဲလုပ်ဆောင်ပေးရမှာဖြစ်တယ်။ပြီးရင် ကိုယ်တင်runထားတဲ့software နဲ့ပက်သက်တဲ့ပြသနာအပိုင်းတွေကိုလည်းကိုယ်ကပဲဖြေရှင်းပေးရမှာဖြစ်တယ်။
အဲတာဆိုရင် Cloud Service Provider တွေဘက်ကလုပ်ပေးရမဲ့တာဝန်တွေကတော့ကျွန်တော်တို့တင်runထားတဲ့server တွေကိုsupport ပေးထားတဲ့virtualization server (Physical server)တွေရဲ့ hardware problem, power issue, network issue, equipement issue တွေ high availability အပိုင်းတွေ DR အပိုင်းတွေကိုသူတို့ဘက်က ကိုင်တွယ်ဖြေရှင်းပေးရမှာဖြစ်တယ်။
အဲဒီလို infra အပိုင်းတွေကိုတာဝန်ယူဖြေရှင်းစရာမလိုတဲ့အတွက် hardware deviceျတွေဝယ်ဖို့ ပိုက်ဆံတွေ installation setup လုပ်ရင်ပေးရမဲ့အချိန်တွေကအရမ်းကို cost saving ဖြစ်စေတယ်။
on demand scalability ပိုင်းမှာဆိုရင်လည်းphysical hardwareတွေ( eg CPU, Memory,Storage),တစ်ခြားequipment အပိုင်းတွေ upgrade လုပ်ချင်တာတို့scaling လုပ်ချင်တာတို့ဆိုရင်လည်းမိမိကိုယ်တိုင်လုပ်စရာမလိုဘဲကိုယ်လုပ်ချင်တဲ့အရာ တွေကို Cloud Service Provider တွေဆီမှာအလွယ်တကူ ဝယ်ယူသုံးစွဲခြင်းဖြင့် မိမိbusiness ကိုလည်းdowntime အများကြီးပေးစရာမလိုဘဲပြန်လည် လည်ပတ်စေနိုင်သည်။ 
Hope for enjoy reading
Phone Myint Myat Zaw
4:15PM 
10/05/2020

Thursday, 7 May 2020

What is Cloud Computing?

What is Cloud Computing?


Cloud computing ဆိုတာဘာလဲ
Clouding computing ဆိုတာမိမိ organizationဒါမှမဟုတ်ရင်တစ်ခြားနိုင်ငံ (geographical location) မတူတဲ့ နေရာက resource တွေ (server,compute, network,storage,services,applications)တွေကိုinternet ပေါ်ကနေလှမ်းပြီးဝယ်ယူသုံးစွဲ accessလုပ်နိုင်တဲ့service မျုုိးကိုပြောတာဖြစ်တယ်၊အဲလို cloud service ပေးတဲ့သူတွေကိုတော့ Cloud Service Provider (CSP) လို့ခေါ်ကြတယ်။ အဲလို Cloud Service Provider တွထဲကမှကျွန်တော်တို့နိုင်ငံမှာသုံးများတဲ့့ CSPတွေပြောပါဆိုရင် Microsoft Azure Cloud, AWS Amazon Cloud, Google Cloud, Oracle Cloud, Digital Oceam တို့ဆိုရင်လက်ရှိအရမ်းရေပန်းစားပါတယ်၊
အဲလောက်ဆို cloud နဲ့ပက်သက်ပြီးနည်းနည်းရိပ်မိသွားမယ်ထင်ပါတယ် ဆက်ပြောမယ်ဆိုရင် Cloud Concept မှာအဓိကအားဖြင့်တော့ Service Model နဲ့ Deployment Model ဆိုပြီးနှစ်မျိုးရှိတယ်၊
ကိုယ့် organization ဒါမှမဟုတ် company မှာcloud serviceဝယ်သုံးတော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာကတော့ဘယ်cloud service model ကိုသုံးမလဲဆုံးဖြတ်ရမှာဖြစ်တယ်၊ အဲလိုဆိုရင် cloud service Model အကြောင်းနည်းနည်းရှင်းပြချင်ပါတယ်၊ Service Model မှာအဓိကအားဖြင့် private Cloud, Public Cloud နဲ့ Hybrid Cloud ဆိုပြီးသုံးမျိုးရှိတယ်။ ကိုယ့်business ရဲ့ requirementပေါ်မူတည်ပြီးရွေးချယ်အသုံးပြုနိုင်တယ် 
Private Cloud ဆိုတာကတော့ ကိုယ့်company infra (data center) ထဲမှာဘဲserverတွေထိုင်ပြီးအဲဒီပေါ်မှာapplicationတွေ service တွေတင်runပြီး localကနေဘဲလှမ်းသုံးနိုင်တာဖြစ်တယ်။Branch Officeတွေနေနဲ့ဆိုရင်Head Quarter ကိုVPN Tunnel ထိုးပြီးအဲဒီapplicationတွေserviceတွေကိုလှမ်းသုံးနိုင်ကြတယ် အဲလိုprivate Model သုံးတော့မယ်ဆိုရင်ရုံးမှာရှိတယ့် IT network/systemသမားတွေက Data Centerထဲမှာရှိတဲ့ Server Hardware Problem တွေ Network Issueတွေ Data Center ထဲက UPS ကြီးတွေ AirConတွေ power line ပြသနာတွေအစရှိသည်ဖြင့်တာဝန်ယူဖြေရှင်းကြရမှာဘဲဖြစ်တယ် အကျဉ်းချုပ်ပြောမယ်ဆိုရင်ဟို့အောက် Infrastructure levelကနေပြီးတော့ service levelအထိ ပြသနာပေါင်းသောင်းခြောက်ထောင်ကိုဖြေရှင်းပေးရမှာဖြစ်တယ် ဒီservice modelကိုသုံးရင်တော့ဒါတွေကတော့လုပ်ပေးရတာပေါ့ဒါကလည်းကိုယ့်company businessလိုအပ်ချက်ပေါ်မှာမူတည်တာပေ့ါ။ 
Private Cloudအကြောင်းကဒီလောက်ပဲဆွေးနွေးချင်ပါတယ် ကျွန်တော်တို့public Cloud ဘက်သွားလိုက်ကြရအောင်။Public Cloud ဆိုတာကတော့ တစ်ခြားorganizationတစ်ခုခုဒါမှမဟုတ်တစ်ခြားCSP တစ်ခုခုဆီကနေServer တွCompute,Storage,Networkတွေserviceတွေapplicationတွေကိုinternet ပါ်ကနေတစ်ဆင့်ဝယ်ယူသုံးစွဲတာကိုပြောတာဖြစ်တယ်
ကိုယ့်companyမှာ web server တစ်လုံးထောင်ချင်တယ်ဆိုပါတော့ အဲလိုအခြေအနေမျိုးမှာ ကိုယ်လိုချင်တဲ့Web Server ကိုတစ်ခြားCloud Service Provider မှာဝယ်ယူသုံးစွဲခြင်းပဲဖြစ်တယ်။အဲလိုဆိုရင်အဲဒီCloud service Providerက ကိုယ့်server ကိုသူတို့ရဲ့ data centerတွေထဲမှာrunထားပေးမှာပဲဖြစ်တယ်။ ကိုယ်ဘက်ကတော့လိုအပ်တဲ့ storage, Memory, CPU အမျိူးအစား အစရှိသည်ဖြင့် quotationပေးပြီးဝယ်ယူရမှာဘဲဖြစ်တယ် ဒီservice model ကိုကြည့်မယ်ဆိုရင် ကိုယ့် company မှာ ဘာdata center, Physical Server တွေလည်း ဆောက်ထားစရာ ဝယ်ထားစရာမလိုဘဲ internet လိုင်းလေးရှိရုံနဲ့ ကိုယ်သုံးချင်တဲ့ web server ကိုလည်းသုံးနိုင်မှာဖြစ်ပါတယ် server maintenance လုပ်မဲ့ administrator, network administrator တွေpower issue တွေ Data center အတွက် shift Assign သမားတွေတောင်လိုမှာမဟုတ်တော့ဘူး ဒါပေမဲ့ Cloud Service Provider တွေကိုတော့  ကိုယ်ဝယ်သုံးတဲ့ server, application,software ပေါ်မူတည်ပြီး daily,weekly,monthly,yearly အစရှိသည်ဖြင့်ဠားရမ်းသုံးစွဲခတော့ပေးရမှာဘဲဖြစ်တယ်။ Public Cloud ကဒီလောက်ပဲဆွေးနွေးချင်ပါတယ်
နောက်ဆုံးတစ်ခုဖြစ်တဲ့Cloud Service Model တွေထဲက hybrid Cloud model အကြောင်းနည်းနည်းဆွေးနွေးချင်ပါတယ်။ Hybrid ဆိုတဲ့အတိုင်းနှစ်ခုပေါင်းသုံးထားတာပဲဖြစ်တယ်
Hybrid cloud က private cloud နဲ့ public cloud model နှစ်ခုကိုပေါင်းစပ်ပြီးသုံးစွဲခြင်းပဲဖြစ်တယ်
ဥပမာအနေနဲ့ပြောရရင်ကိုယ့်Infra (Data Center) ထဲမှာapplication servers တွေ နဲ့ Datastore အတွက် Database serversတွေရှိတယ်ဆိုပါတော့ အဲဒီမှာ Database server တွေအတွက်Data loss မဖြစ်ရအောင်တစ်ခြားတစ်နေရာမှာသိမ်းချင်တယ်ဆိုပါတော့ ဥပမာကိုယ်သုံးထားတဲ့Database က oracle ဆိုပါတော့ အဲဒီမှာကိုယ့်data တွေကိုhigh availability လုပ်ချင်လို့ physical standby database တစ်လုုံးကို company datacenterထဲမှာထားမယ် နောက်တစ်လုံးကို Cloud service provider တစ်ခုမှာ physical standby တစ်ခုအနေနဲ့ ဝယ်ထားမယ်ဆိုပါတော့ အဲဒီမှာဆိုရင် private နဲံ့public  model ပေါင်းထားတဲ့ hybrid model ကိုတွေ့နိုင်ပါတယ်  

Hope For Enjoy Learning 
Phone Myint Myat Zaw 
07/05/2020 7:58PM