What is vSphere Distributed Resource Scheduler (DRS)?

 Let keep in touch with vSphere Distributed Resource Scheduler (DRS)?

ခေါင်းစဉ်ကအတိုင်းဘဲDRS ရဲ့အဓိကလုပ်ဆောင်ချက်တွေအကြောင်းဆွေးနွေးပေးသွားမှာဘဲဖြစ်ပါတယ်DRS ကDistributed Resource Scheduler ဆိုတဲ့အတိုင်းမိမိရဲ့ VMWare Cluster ထဲမှာရှိတဲ့ ESXI Hosts တွေပေါ်မှာ Running လုပ်နေတဲ့ virtual machines တွေကို Cluster ထဲမှာရှိတဲ့ ESXi hostsတွေပေါ်မှာ load balancing ဖြစ်အောင်လုပ်ဆောင်ပေးပါတယ် အဲလို host တွေအပေါ်မှာ Load မျှအောင်လုပ်ဖို့အတွက် အဲဒီ vm တွေမှာသံုးထားတဲ့ resources တွေဖြစ်တဲ့ CPU ပမာဏ Memory ပမာဏ တွေကိုကြည့်ပြီးဆုံးဖြတ်ပေးပါတယ် Cluster ထဲမှာ virtual machines အလုံး100 ရှိတယ်ဆိုပါတော့ ESXI hosts တွေက 5 လုံးရှိတယ်ဆိုရင် DRS က ဘယ်hostအပေါ်ကိုဘယ် VMက run ပါဆိုပြီး auto balance လုပ်ဆောင်ပေးပါတယ် ဉပမာ အပေါ်က VM အလုံး100ကို ESXi host တစ်လုံးဆီမှာ 20 ဆီ run ပါဆိုပြီ DRS က auto balance ြဖစ်အောင်လုပ်ပေးပါတယ် အဲလို balance ြဖစ်အောင်လုပ်ဖို့ User က manual  ဒါမှမဟုတ်ရင် auto လုပ်ဆောင်ပါဆိုပြီးလည်း option အနေနဲ့ရွေးချယ်အသုံးပြုနိုင်ပါတယ် 

ဘယ်လို featuresတွေရနိုင်တာလဲအောက်ပါဆက်ကြည့်လိုက်ရအောင်

မိမိရဲ့ cluster ထဲမှာ Vsphere DRS ကို enable လုပ်လိုက်တာနဲ့ automation tab မှာဆိုရင် automation levelဆိုပြီး Manual, Partially automated, Fully automated ရယ်ဆိုပြီး option သုံးမျိုးတွေ့နိုင်ပါတယ် 

Manual

Manual Automation level က မိမိကို Vsphere DRS က automation နဲ့ပက်သက်ပြီး လုပ်နိုင်ပေးမှာမဟုတ်ပါဘူး ဘယ် VM က  ဘယ်host နဲ့သင့်တော်တယ်ဆိုပြီး recommendation messages တွေပဲပေးပါတယ် အဲဒီ alerts🚨တွေကိုကြည့်ပြီးမိမိကိုယ်တိုင်VMတွေကိုသက်ဆိုင်ရာ ESXi hostsတွေဆီ manual migrate လုပ်ပေးရမှာဖြစ်ပါတယ်


If I power on one of my virtual machine, DRS asked me where to put your virtual machine.

Below is "Manual" Option for DRS.



Partially Automated

 Partially Automated DRS optionက virtual machinesတွေရဲ့ resource usage တွေကို DRS Cluster က auto တွက်ချက်ပြီး ဘယ်VM ကဖြင့်ဘယ် host ပေါ်မှာ run ပါဆိုပြီးဆံုးဖြတ်ပေးပါတယ် အဲလို ဆုံးဖြတ်တဲ့အခါက မိမိကိုယ်တိုင်ကလည်း system က recommendation alert 🚨 တွေကြည့်ပြီး manual migrate လုပ်ဆောင်နိုင်ပါတယ် 


Fully Automated 

Fully Automated အတိုင်း administrator က ဘာမှလုပ်ဆောင်စရာမလိုဘဲ DRS  cluster က ESXi hosts တွေရဲ့resources တွေ vm တွေရဲ့ resource usages တွေကို လေ့လာဆုံးဖြတ်ပြီး VM တွေကို ESXi hosts တွေကြားမှာ Load Balance ြဖစ်အောင်လုပ်ဆောင်ပေးပါတယ်

Author By

Phone Myint Myat Zaw










Comments

Popular posts from this blog

Cisco 819 4G LTE Cellular Router Configuration

IRF Step up (Stacking Technology) on HP 5130 Swtiches