Monday, 28 December 2020

What is VMWare High Availability?



 ESXi Host တွေ failure ဖြစ်ခဲ့ရင်Virtual machines တွေကိုအဲဒီfailure ဖြစ်တဲ့hostကနေCluster တွေထဲကတစ်ခြားhost တွေအပေါ်ကိုmigrate (restart)လုပ်ပေးပြီး service တွေကိုပြန်လည် လည်ပတ်အသုံးပြုနိုင်ပါတယ်

အဲလိုprocess တွေဖြစ်ဖို့ Vsphere High Availability တွေလုပ်ဆောင်နိုင်ဖို့ရန်အတွက်ပထမဆုံးအနေနဲ့ VCenter ထဲမှာ Cluster တစ်ခု ဆောက်ထားရပါမယ် အဲဒီcluster ထဲကို မိမိ HA လုပ်ချင်တဲ့ ESXi hosts တွေကိုmember အနေနဲ့ အပ်ပေးထားရပါမယ် အဲလို လုပ်ဆောင်ပြီးနောက် မိမိရဲ့ cluster မှာ VMWare High Availability features ကို enableလုပ်ဆောင်ပေးရပါမယ် HA featureကို Enable လုပ်ဆောင်တဲ့အချိန်မှာ လုပ်ဆောင်ရမယ့် option တွေ steps တွေအသေးစိပ်တော့မရေးပြတော့ပါဘူး အဓိက HA ရဲ့ အလုပ်လုပ်ပုံကိုပဲတင်ပြပေးသွားပါမယ် ကျွန်တော်တို့ cluster ထဲမှာ VMware HA ကို enable လုပ်လိုက်တယ်ဆိုတာနဲ့ cluster ထဲမှာရှိတဲ့ ESXi Hosts တွေ ထဲမှာ master နဲ့ slave host တွေကို ရွေးချယ်ပါတယ် အဲဒီ cluster ထဲက master host အနေနဲ့ရွေးချယ်ခံရတဲ့ ESXi hosts က Vcenter နဲ့ ဆက်သွယ်ပြီး ကျန်တဲ့ cluster ထဲမှာရှိတဲ့ Slave ESXi hosts တွေပေါ်က Virtual Machinesတွေကို monitoring လုပ်ဆောင်ပေးပါတယ်။       

Cluster ထဲက host တွေ failure ဖြစ်ခြင်း မဖြစ်ခြင်းကို ဆုံးဖြတ်ပေးဖို့အတွက် master host က network နဲ datastore heart beating ကိုအသုံးပြုပါတယ် ပထမဆုံးhost တိုင်းမှာ agent တစ်ခုစီကို run စေပါတယ် အဲဒီ agent တွေက cluster တွေထဲက host တွေ ထဲက master host  ကို ရွေးချယ်ပြီး cluster ထဲကhost တွေအချင်း agent ကနေတစ်ဆင့် heart beat information တွေ ဖလှယ်နေကြပါတယ် အကယ်၍ cluster ထဲက host တစ်လုံးလုံးက power failure ကြောင့်သော်လည်းကောင်း network issue ကြောင့်သော်လည်းကောင်း  down သွားခဲ့ရင် master host က အဲဒီdownသွားတဲ့ host ဆီက agent နဲ့  heart beat information တွေ မရတော့တဲ့အတွက်ကြောင့် အဲဒီ host ကို failure ဖြစ်တယ်လို့ဆုံးဖြတ်ပီး Cluster ထဲကတစ်ခြား ESXi host တစ်လုံးပေါ်ကို အဲဒီ down သွားတဲ့ ESXi host ပေါ်က virtual machine တွေကိုတစ်ခြား host တစ်လုံအပေါ်ကို Migrate လုပ်ပြီး restart လုပ်ပေးပါတယ် အဲလိုလုပ်ဆောင်ခြင်းအားဖြင့် VMware Cluster ထဲမှာရှိတဲ့ESXI Host တွေ failure ဖြစ်သွားခဲ့ရင်တောင် virtual machine တွေကို Downtime အများကြီးပေးစရာမလိုဘဲ ပြန်လည်အသုံးပြုနိုင်မှာဘဲဖြစ်ပါတယ်


Check the following step to configure Vsphere HA







After configuring HA, you can check which one is master node or which one is slave node in HA Cluster.





Best Regard,

Phone Myint Myat Zaw

No comments:

Post a Comment