Monday, 28 September 2020

Data Protection with Azure Backup

 Data Protection with azure backup ဆိုတဲ့အတိုင်းမိမိရဲ့ organization မှာရှိတဲ့IT Resourcesတွေ Data တွေ Assets တွေ ကိုမပျောက်မပျက်အောင်လုံလုံခြုံခြုံထိန်းသိမ်းထားနိုင်ဖို့ကအလွန်တရာမှအရေးကြီးပါတယ်။အကယ်၍များ အကြောင်းတစ်ခုခုကြောင့် Data တွေပျက်စီးဆုံးရုံးသွားသည့်တိုင်အောင် Bussiness ကိုရပ်တန့်သွားခြင်းမရှိပဲအချိန်တိုအတွင်းမှာလျင်လျင်မြန်မြန်ပြန်လည်လုပ်ဆောင်ဒီနေ့လိုခေတ်မျိုးတွေမှာမိမိတို့ရဲ့DataတွေကိုOn-Premise မှာသာမက Cloud တွေအထိပါထိန်းသိမ်းလာကြတာတွေ့ရပါတယ်။ဒီလိုရွှေ့ပြောင်းလာမှုကိုလေ့လာကြည့်မယ်ဆိုရင်ဘယ်အရာတွေကကောင်းစေလဲ ဘယ်အရာတွေကဆိုးကျိုးတွေဖြစ်စေတာလဲအစရှိသည်ဖြင့်အကောင်းအဆိုးတွေကလည်းဒွန်တွဲလာပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင်အရင်ကလိုသမရိုးကျbackup solution (on premise) အများစုကသုံးတော့မယ်ဆိုရင်ကိုယ်အသုံးပြုမယ့်Backup Softwareအတွက်လိုအပ်တဲ့minimum requirementsတွေဖြစ်တဲ့physical backup server types, Memory, CPU တွေStorageတွေNetworkingတွေကိုပထမအရင်Infrastructureအတွက်တပ်ဆင်ပေးရမှာပဲဖြစ်ပါတယ်။အဲလိုတွေလုပ်ဆောင်ရန်အတွက်ပထမဦးစွာ ထိုအရာတွေကိုဝယ်ရမဲ့ငွေကြေးရယ်ထိုအရာတွေကိုsetup and configure လုပ်မယ့်အချိန်တွေအစရှိသည်ဖြင့်ရှေ့ဦးစွာလုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။အဲဒီနေရာမှာ Cloud Backup Solution တွေကိုအစားထိုးပြောင်းလဲသုံးစွဲခြင်းအားဖြင့်အပေါ်ကသမရိုးကျတွေလိုလိုအပ်မယ့်Compute, Network, Storage တွေအတွက်ကြိုတင်setupလုပ်စရာမလိုဘဲမိမိအသုံးပြုချင်တဲ့Backup Solution ကိုချက်ချင်းအကောင်ထည်ဖော်ဝယ်ယူသုံးစွဲနိုင်ပါတယ်။ဒီလိုမိမိDataတွေကိုတစ်ခြားCloud Service Providerတွေဆီမှာသွားရောက်သိမ်းဆည်းထားတဲ့အတွက်ကြောင့်သူတို့ဘက်ကပေးနီုင်မယ့်Secuirtyပိုင်းကိုစဉ်းစားပြီးဘယ်Cloud Service Providerကမိမိ Organization အတွက် ဘယ်လိုလုံခြုံမှုရှိတယ်အစရှိသည်ဖြင့်ရွေးချယ်ပေးရမှာဘဲဖြစ်ပါတယ် 

အဲလိုများစွာသောCloud Service Providerတွေထဲကမှ မိမိDataတွေကိုလုံလုံခြုံခြုံနဲ့ထိန်းသိမ်းထားပေးမဲ့Cloud Backup Solution တစ်ခုဖြစ်တဲ့Micorsoft Azure Backupနဲ့မိတ်ဆတ်ပေးချင်ပါတယ်။

ပထမဦးစွာ Microsoft Azure Backupမှာရနိင်တဲ့Featuresတွေကိုအရင်ဆုံးမိတ်ဆက်ပေးချင်ပါတယ်။Azure Backup က Local Infrastructure (on premise) မှာရှိတဲ့Physical Server တွေ VMWare Infrastructure ပေါ်ကVirtaul Machine တွေ Microsoft Hyper-V ပေါ်မှာရှိတဲ့Virtaul Machine တွေသာမက Azure Cloud ပေါ်က Azure Virtual Machine တွေ Azure SQL Server အစရှိတဲ့Cloud resources တွေကို file and folder level အရရော Virtual Machine Level အရ Backup လှမ်းလုပ်နိုင်ပါတယ်။

(၁) Microsoft Azure Backup ကိုအသုံးပြုတော့မယ်ဆိုရင်ပထမဦးစွာAzure Cloud ပေါ်မှာ Azure Recovery Service Vault တစ်ခုတည်ဆောက်ပေးရမှာဖြစ်ပါတယ်။ဒီနေရာမှာAzure Recovery Service Vaultကဘယ်လိုလုပ်ဆောင်သလဲဆိုတာအနည်းငယ်ရှင်းပြချင်ပါတယ်။ Azure Recovery Service Vault က Backup Data တွေကိုသိမ်းဆည်းပေးမည့်နေရာတစ်ခုဘဲဖြစ်ပါတယ်။အဲဒီRecovery Service Vault ထဲမှာ Backup Jobတွေ Backup Type တွေ  Backup Policy တွေဖန်တီးပေးရမှာဘဲဖြစ်ပါတယ်။ 



(၂) အောက်ကပုံမှာကြည့်မယ်ဆိုရင်Azure Backup ကSupport ပေးနိုင်တဲ့Platformတွေကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။

  • Azure 
  • Azure Stack
  • On-Premises
အဲဒီအထဲမှာမှမိမိBackup လုပ်ချင်သောWorkloadကဘယ်Infratrastructureပေါ်မှာရှိတာလဲအစရှိသည်ဖြင့်ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

 အောက်မှာဖော်ပြထားတာတွေကAzure Cloud ပေါ်မှာရှိတဲ့ Backup လုပ်နိုင်တဲ့Resources တွေနဲ့ On-Premisesတွေအတွက်Backup ပေးနိုင်သောအမျိုးအစားတွေဘဲဖြစ်ပါတယ်။




ဒီလောက်ဆိုရင်တော့ Microsoft Azure Backupကဘာတွေကိုbackup လုပ်ပေးနိုင်လဲဆိုတာနည်းနည်းပါးပါးတီးမိခေါက်မိပြီးလို့ထင်ပါတယ်။ နောက်ပိုင်းမှာ Az cloud backup ကိုအသုံးပြုပြီးon premise ပေါ်ကWorkloadတွေသာမက Azure ပေါ်က Workload တွေကို backup လုပ်ပုံလုပ်နည်းတွေကိုအသေးစိပ်ဆက်လက် ဆွေးနွေးပေးပါမယ်။
လေးစားစွာဖြင့်
Phone Myint Myat Zaw
1.10.2020
5:51AM



No comments:

Post a Comment