Microsoft Azure Backup ကcloud based backup အမျိုးအစားဖြစ်ပြီးသူ့ရဲ့လုပ်ဆောင်ချက်က Cloud ပေါကVMတွေကိုသာမက on-premise က physical server တွေနဲ့ Hyper V တို့လို VMWare Infra ပေါမှာrunနေတဲ့ virtual machinesတွေကိုလည်း azure cloud ပေါကိုbackup လုပ်ပေးနိုင်ပါတယ် အခြားapplicationsတွေနဲ့databaseအမျိုးအစားတွေဖြစ်တဲ့SQL server တို့လိုMicrosoft Exchange Databaseကိုလည်းbackupလုပ်ပေးနိုင်ပါတယ်
Azure Backup ကိုသံုးခြင်းရဲ့အားသာချက်တွေကတော့ပံုမှန်သမရိုးကျbackup solution တွေdata recovery တွေလုပ်မယ်ဆိုရင် backup Infra တွေဆောက် backup servers တွေsetupလုပ်networking ပိုင်းတွေsetupလုပ်တာတွေကြောင့်လည်းငွေကြေးအားဖြင့်လည်ူကုန်ကျစရိတ်အရမ်းများပါတယ်တ စ်ချို့ကျပြန်တော့လည်းremote sitesတွေမှာbackupထားခြင်းကြောင့်လည်း Capital expenditures အရ သူ့အတွက်ကြိုတင်ရင်းနှီးမြှပ်နှံရတဲ့ငွေအင်အား အချိန်တွေလည်းအရမ်းပေးရပါတယ်
Azure Backup ကိုသံုးမယ်ဆိုရင်အဲလိုတွေစဉ်းစားစရာတွေမလိုဘဲ ကိုယ့်backup planကိုအချိန်တိုအတွင်းအကောင်ထည်ဖော်နိုင်ပြီး ကိုယ့်data တွေကိုcloud ပေါမှာsecure ြဖစ်အောင်ထိန်းသိိမ်းနိုင်ပါတယ်
Azure Backup ကိုအသံုးပြုရာမှာလည်းအရမ်းကိုလွယ်ကူရိုးရှင်းပါတယ် Azure Portalကနေအလွယ်တကူconfigure လုပ်နိုင်ပါတယ် Azure Backupမှာအဓိကအရေးပါတဲ့အစိတ်အပိုင်းကAzure Recovery Service Vault ဘဲဖြစ်ပါတယ် မိမိတို့ရဲ့dataတွေကို Azure က AZ recovery service vault ထဲမှာသိမ်းဆည်းထားပေးလို့ဘဲဖြစ်ပါတယ် Azure Recovery service vaultအကြောင်းလေးနည်းနည်းလောက်ဆွေးနွေးချင်ပါတယ် AZ recovery services vaultကbackup dataတွေကိုstoreလုပ်ထားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ် 🌄🌋အဲဒီbackup dataတွေထဲမှာfile and folder level backup တွေapplication database backup dataတွေ Azure IAAS VM backup တွေအားလံုးပါဝင်ပါတယ်
Microsoft Azure Backup မှာအဓိက လုပ်ဆောင်ပေးမယ့်အစိတ်အပိုင်းတစ်ခုကတော့ Backup agents တွေဘဲဖြစ်ပါတယ်
Backup agent အမျိုးအစားကသံုးမယ့်backup အမျိုးအစားပေါမူတည်ပြီးကွဲပြားမှုရှိပါတယ် ဥပမာ ကိုယ်backup လုပ်ချင်တဲ့ အမျိုးအစားက file and folder level backupလား virtual machine တစ်ခုလံုးကိုလား အဲလိုv1 တစ်ခုလံုးကိုမှ cloud ပေါကလား hyper v ပေါကလား VMWare ပေါကလားအစရှိသည်ဖြင့်ကိုယ်အသံုးပြုရမယ့်backup typeပေါမူတည်ပြီး သံုးသွားတဲ့ backup agentsအမျိုးအစားကအမျိုးမျိုးရှိပါတယ်
1) Azure Backup Extension ကdefault backup agent အမျိုးအစားတစ်ခုဘဲဖြစ်ပါတယ်သူ့ကိုတော့ Azure ပေါက Azure virtual machine တွေကိုတိုက်ရိုက်backup လုပ်တဲ့နေရာမှာသံုးပါတယ် သူက backup လုပ်ချင်တဲ့Azure virtual machine မှုbackup agent ကို manual install လုပ်စရာမ လိုပါဘူး Azure
Recovery service vaultထဲမှာbackup လုပ်ချင်တဲ့Virtual machine ကိုbackup jobs run ပြီးတာနဲ့ (ဥပမာ window virtual machine ဒါမှမဟုတ် Linux virtual machine ) ကို backup ယူလိုက်တာနဲ့ VM Snapshot extension ကိုသက်ဆိုင်ရာ virtual machine ပေါမှာ install လုပ်လိုက်ပါတယ် အဲလို virtual machine ရဲ့ disk တစ်ခုလံုးကို snapshot ရိုက်ပြီး data တွေကို azure recovery vault ထဲမှာသိမ်းဆည်းထားပါတယ်
No comments:
Post a Comment