ခေါင်းစဉ်ကအတိုင်းMicrosoft azure storage အပိုင်း ဆိုပေမယ့်လည်းstorage accountနဲ့ပက်သက်တာတွေကိုပိုပြီးဆွေးနွေးပေးသွားပါမယ် Storage အပိုင်းကိုတော့ generalလောက်ဘဲဆွေးနွေးပေးသွားပါတယ်ကျွန်တော်တို့ကAzure cloudမှာ virtual machines တွေဆောက်တယ် applicationတွေrun တယ်အဲဒီapplicationတွေ VM တွေရဲ့ data storageတွေကိုazure cloudပေါမှာထိန်းသိမ်းထားနိုင်ဖို့အတွက်microsoftကstorage အမျိုးအစားများစွာနဲ့ထောက်ပံ့ပေးထားပါတယ်အဓိက storage အမျိုးအစားတွေကိုပြောရမယ်ဆိုရင်Azure SQL Server,Azure Cosmos DB နဲ့ Azure Table Storageတို့ဘဲဖြစ်ပါတယ် တစ်ခြား Storageအမျိုးအစားတွေဖြစ်တဲ့Azure Queue နဲ့ event hubs တို့လို messages တွေကိုsend and storeလုပ်ဖို့လည်းသံုးစွဲနိုင်ပါတယ် Azure Storage မှာသံုးနိုင်တဲ့ Data servicesတွေကတော့ Azure Blobs, Azure Files, Azure Queues နဲ့Azure Tables တို့ပဲဖြစ်ပါတယ် အဲဒါနဲ့ပက်သက်တဲ့တစ်ခုချင်းကိုတော့နောက်ပိုင်းမှဘဲtheoryသီးသန့်ဆွေးနွေးသွားပေးပါတယ် အခုက Azure storage account တစ်ခုကိုcreateလုပ်တော့မယ်ဆိုရင်ဘယ်လိုတွေလုပ်ရမှာလဲပြီးတော့storage account တစ်ခုပြုလုပ်တော့မယ်ဆိုရင်သူ့မှာရနိုင်တဲ့ Features တွေအကြောင်းအသေးစိပ်ဆွေးနွေးပေးသွားပါမယ် Microsoft Azure Storage Accountက Azure Storageမှာရနိုင်တဲ့Data services တွေကိုစုပေးထားတဲ့containerတစ်ခုလို့လည်းဆိုနိုင်ပါတယ် ဥပမာအားဖြင့်ပြောရမယ်ဆိုရင် storage account တစ်ခုမှာ Azure Blobs လည်းပါနိုင်သလို Azure files, Azure tables တွေလည်းပါနိုင်ပါတယ် အဲလို storage account တစ်ခုထဲမှာ data services တွေကိုစုပေးထားတဲ့အတွက်ကြောင့်data services တွေကိုတစ်နေရာထဲကနေmanage လုပ်နိုင်ပါတယ် တစ်ခြားData services တွေဖြစ်တဲ့ Azure SQL နဲ့ Azure Cosmos DB တွေကိုတော့independent Azure resourcesတွေအနေနဲ့manageလုပ်ရတဲ့အတွက်ကြောင့်storage accountထဲမှာသူတို့ကိုတော့ပေါင်းထည့်ထားလို့မရပါဘူး
Storage Account တစ်ခုစတင်ဖန်တီးတော့မယ်ဆိုရင် subscription, storage account name နဲ့ ကိုယ့်storage account ကိုထားမယ့် data center location တွေရွေးချယ်ပေးရမှာဖြစ်ပါတယ် တစ်ခြားOption တွေဖြစ်တဲ့ performance, account kinds, replications နဲ့ access tier ပိုင်းဆက်လက်ဆွေးနွေးပေးသွားပါမယ်
Performance မှာက Standard နဲ့ premium ဆိုပြီးနှစ်မျိုးရှိပါတယ် အဲနှစ်ခုဘာကွာသလဲဆိုတော့ standard ကိုရွေးချယ်မယ်ဆိုရင်တော့ကိုယ်သံုးနဲ့data services တွေဖြစ်တဲ့ (blobs, files, queue နဲ့tables) ရဲ့data တွေကိုသိမ်းဆည်းတဲ့အခါမှာ ရိုးရိုးmagnetic disk drive တွေမှာသိမ်းဆည်းပေးမှာဘဲဖြစ်ပါတယ် Premium ကိုသံုးမယ်ဆိုရင်တော့ တစ်ခြားAdditional services တွေကိုပါသံုးစွဲနိုင်တယ်
ဥပမာunstructured object data တွေဖြစ်တဲ့Block blobsတွေ append blobsတွေကိုလည်း storeလုပ်နိုင်ပါတယ် တစ်ခြားSpecialized file storage တွေ premium file share တွေကိုလည်းcreate လုပ်နိုင်ပါတယ်
အဲ လိုpremium optionကို ရွေးချယ်အသံုးပြုမယ်ဆိုရင်တော့ SSD Drive တွေနဲ့data တွေကိုMicrosoft ကသိမ်းဆည်းပေးပါတယ်
Replication က natural disaster ကြောင့်ဖြစ်စေ ကိုယ့်ရဲ့storage accountသိမ်းထားတဲ့data center ထဲက hardware failure မှုကြောင့်ဖြစ်စေကိုယ့်data တွေကိုမပျောက်ပျက်သွားအောင်data တွေက်ုတစ်ခြားတစ်နေရာမှာပွါးပြီးသိမ်းဆည်းပေးထားတာပဲဖြစ်တယ် Azure က မိမိstorage account မှာရှိတဲ့dataတွေကိုသက်ဆိုင်ရာ data center တွေမှာ default အနေနဲ့ copy ကို၃နေရာပွါးပြီးထိန်းသိမ်းပေးထားပါတယ်အဲလိုလုပ်ခြင်းကို Azure storage replication အမျိုးအစားတွေထဲကတစ်ခုဖြစ်တဲ့Locally redundant storage (LRS)လို့ခေါပါတယ် တစ်ခြား replication type တွေဖြစ်တဲ့ GRS (geo redundant storage) ကတော့regional outages တွေကိုကြောင့်data တွေဆံုးရှုံးမှုတွေကိုကာကွယ်ဖို့သံုးနိုင်ပါတယ် သူက primary regionထဲမှာပဲ data တွေကိုcopy ၃နေရာခွဲကူးပေးပြီး အဲဒီdata တွေကိုsecondary region တွေဆီကို synchronize ပြန်လုပ်ပြီး မိမိရဲ့data တွေကိုသိမ်းဆည်းပေးပါတယ်
Access Tier ရဲ့လုပ်ဆောင်ချက်တွေကတော့ကိုယ့်storage account ထဲမှာရှိတဲ့blobထဲကdataတွေကိုဘယ်လိုမြန်မြန်ဆန်ဆန်နဲ့Accessလှမ်းလုပ်နိုင်မလဲဆိုပြီးဆံုးဖြတ်ပေးပါတယ် Access tier အမျိုးအစားကိုတော့ COOL နဲ့HOT ဆိုပြီးရွေးချယ်နိုင်ပါတယ် Access Tier မှာ coolကိုရွေးချယ်မယ်ဆိုရင် data access rate က hot ထက်ဆိုရင်တော့နှေးလိမ့်မယ် ဒါပေမယ့် cost ကတော့ သက်သာစေပါတယ် Hot ကတော့ data access rate ကမြန်ဆန်စေပြီး costကပိုများတာကိုတွေ့နိုင်ပါတယ်
Account Kinds - Storage account တစ်ခုCreate လုပ်တော့မယ်ဆိုရင်ဘယ်အမျိုးအစားကိုသံုးပါမယ်ဆိုပြီးရွေးချယ်ပေးရပါမယ် Account kinds တွေကတော့ Storage V2(General Purpose V2), Storage V1(General purpose v1) နဲ့ blob storage တို့ဘဲဖြစ်ပါတယ်
General Purpose V2 Account က basic accountအမျိုးအစားဖြစ်ပြီး blobs,queues,filesနဲ့tablesတွေအတွက်သံုးနိုင်ပါတယ်
General Purpose v1 Account က legacy account အမျိုးအစားဖြစ်ပြီးသူလည်းပဲgeneral purpose v1
account လိုပဲသံုးနိုင်ပါတယ်ဖြစ်နိုင်ရင်ရင်တော့V2အစားV1ကိုသံုးစွဲစေချင်ပါတယ် မိမိကv1နဲ့blob storage account typeတွေသံုးထားတယ်ဆိုရင်တောင် v2 accountကိုdown time မရှိဘဲ data ကိုcopyကူးထားစရာမလိုဘဲတိုက်ရိုက်upgradeလုပ်ပြီးသံုးနိုင်ပါတယ်
Blob Storage account ကunstructured object data တွေကို block blob ဒါမှမဟုတ်append blobတွေအနေနဲ့သိမ်းချင်ရင်သံုးနိုင်တဲ့Special storage accountအမျိုးအစားဘဲဖြစ်ပါတယ် general purpose account နဲ့ blob storage accoutနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့Blob storage က latency consistent ဖြစ်ပြီး transaction rate ကပိုပြီးhigher ြဖစ်ပါတယ်
ကျန်တဲ့အပိုင်းတွေကိုတော့ storage part 2 အနေနဲ့ဆွေးနွေးပေးသွားမှာဘဲဖြစ်ပါတယ်
Author by
Phone Myint Myat Zaw
05.07.2020
4:31PM